လမင်းညီညီပြောစကားအပေါ် ငြိမ်သက်လျက်
နားထောင်မိသည်။လူသုံးယောက် ခဏတစ်ဖြုတ်
တိတ်ဆိတ်သွားသည်။စကားသံထပ်ထွက်လာသည်။"ကိုကို ကိုညီစေမင်းကို ညီညီအခုခေါ်သွားလို့ရတယ်မလား။"
"နှစ်ဉီးသဘောဆိုရင်တော့ ကိုကို့မှာပြော
စရာ စကားမရှိပါဘူး။"နေမင်းကိုကို၏စကားကို ကြားပြီးနောက်
လမင်းညီညီသည် ညီစေမင်းအနားသို့ တစ်လှမ်း
ချင်းလျှောက်သွားသည်။"ကိုညီစေ သွားရအောင်"
"ကျွန်တော်အလုပ်လုပ်နေပါတယ်။
ဒါကျွန်တော့် အလုပ်ချိန်ပါ။
မလိုက်နိုင်ပါဘူး။"ညီစေမင်း၏ စကားကြောင့် အာလုံးအထိတ်
တလန့် ဖြစ်သွားသည်။သည်လိုစကားမျိုးပြော
လိမ့်မည်ဟု မည်သူမျှမထင်ထားချေ။လမင်းညီညီ
တစ်ချက်တွေဝေသွားပြီးနောက် နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုပေါ်လာသည်။ညီစေမင်းအနားသို့သွား၍ မျက်နှာနှစ်ခု ထပ်တူ
ကျစေလိုက်သည်။ဤသို့ပြုလုပ်မည် မထင်သော
ကြောင့် ညီစေမင်းမျက်လုံးပြူးပြူးနှင့်
ကြည့်၍ တွန်းထုတ်လိုက်သည်။"ညီညီ မင်းဘယ်လိုလုပ်လိုက်တာလဲ။"
"ကိုညီညီ အာ..."
အာမေဍိတ်သံများ အလျှိုအလျှိုထွက်လာသည်။
နောက်ထပ်အပြုအမူတစ်ခု ထပ်ရှိလာပြန်သည်။
လမင်းညီညီသည် ညီစေမင်းကို မလွဲတမ်းဆွဲဖက်ထားလေသည်။ကျန်နှစ်ယောက်မှာ အကြောင်သားငေးစိုက်
ကြည့်နေမိသည်။ရုန်းထွက်လေ အတင်းဆွဲဖက်ထားလေနှင့် နှစ်ဉီးသား လွန်ဆွဲနေသည်။"ကိုညီစေမင်းကို ကျွန်တော်လွှတ်မယ်ထင်နေ
လား။မင်းငါ့လက်ထဲကပြေးမလွတ်ပါဘူး။လွှတ်
လည်းမလွှတ်နိုင်ဘူး။""လမင်းညီညီ မင်းကိုယ့်ထက်အကြီးကို ဒီလိုပမာ
မခန့်တွေပြောနေတာလား။ငါမင်းထက်အကြီးနော်။မင်းတွေငါတွေနဲ့စကားပြောတာလား။"လမင်းညီညီသည် ရှူးရှူးရှားရှားပြောသော
ညီစေမင်းကြောင့်ဖျတ်ခနဲအတွေးတစ်ခုဝင်လာ
သည့်နှယ်ပြုံးသွားသည်။ထို့နောက် အသံကို
အချွဲပျစ်ဆုံးနှင့်စကားကို နူးနူးညံ့ညံ့ပြောသော ပုံစံပြောင်းလေသည်။"ကိုညီစေ...ညီကလေ ကိုညီစေ့ကို တအား
လွမ်းနေပြီ။အရမ်းလည်းသတိရတယ်။ကိုညီစေမျက်နှာလေးပဲ မျက်လုံးထဲမြင်နေတာ...
ဘယ်လိုလုပ်ရမလဲဟင်...ပြောလေ...နော်..."ချွဲချွဲနွဲ့ နွဲ့ စကားသံကြောင့်ညီစေ
မင်း အလွန်တရာ ရှက်မိသည်။စီအီးအိုနှင့်သူ၏
ချစ်သူရှေ့တွင်ရှိနေသည်တစ်ကြောင်း ၊
လုပ်ငန်းခွင်တွင် ဖြစ်ရသည်တစ်ဖန် ရှက်သွေး
ဖြန်းလျက် ရှိသည်။နေမင်းကိုကိုမှာလည်း သူ့ညီ၏ အပြုအမူ
အပြောအဆိုများကြောင့် အံ့အားတသင့်ရှိနေ ပြန်သည်။ပြီးနောက် တံတွေးတစ်ချက်မြိုချ၍
သူလည်းဝင်ဖျောင်းဖျမှ ဖြစ်မည်ဆိုကာဝင်
ပြောရလေသည်။"ညီစေရေ ဟိုလေ...လိုက်...လိုက်သွားလိုက်
ပါလား။အေးအေးဆေးဆေးစကားပြောပြီး
ညှိနှိုင်းလေနော်။အခုရုံးဆင်းလိုက်တော့
မနက်ဖြန်မှစောစောလာပေါ့။""ကိုညီစေတွေ့လား။ကိုကိုကပြောနေပြီ။သွား
မယ်လေနော်...နော်လို့..."ညီစေမင်းလက်ကို ဆွဲ၍ လှုပ်ခါကာ ချွဲနေသော
လမင်းညီညီကိုသူလည်းတင်းခံမနေနိုင်တော့ပြီ။
ခေါင်းညိတ်ပြပြီး အိတ်ဆွဲ၍လမင်းညီညီခေါ်ရာ
လိုက်သွားလေသည်။သူ့ညီ၏ပျော်ရွှင်တက်ကြွစွာ
ဖြစ်သွားပုံကိုကြည့်၍ အကိုဖြစ်သူမှာခေါင်းတခါခါနှင့်ကျန်ခဲ့လေသည်။လမင်းညီညီသည် တဇွတ်ထိုးဆန်သောအပြု
အမူများရှိသည့်လူဖြစ်သည့်အလျောက်ညီစေမင်း
၏လက်ကို ပိုင်ပိုင်နိုင်နိုင်ဆွဲကိုင်၍ ကုမ္ပဏီ
အတွင်းမှထွက်သည်။မည်သူကြည့်ကြည့်ဂရုမ
စိုက်ဟန်ဖြင့်လက်ဆွဲ၍သွားသည်။ညီစေမင်းသည် ဝန်ထမ်းအချို့၏ မယုံနိုင်ဖွယ်
အကြည့်ကိုမြင်သည့်အခါ ရှက်၍ လက်ကိုပြန်
ရုတ်သိမ်းသော်လည်းလမင်းညီညီသည် တင်း
တင်းဆုပ်ထားသည်လွှတ်မပေးပေ။ညီစေမင်း
သည် ရှက်မိသော်လည်း သူ့စိတ်သည် အလိုလို
ကျေနပ်မိလာသည်။သူ၏လက်ကိုဆွဲ၍ လူပုံအလယ်ရဲရင့်စွာ
လျှောက်လှမ်းနိုင်သူမှာလမင်းညီညီသာလျှင်
ဖြစ်နိုင်ပေသည်။ညီစေမင်း၏အားကိုးတကြီး
အကြည့်ကို သိသော လမင်းညီညီသည် တွဲထား
သောလက်ကိုဆွဲမ၍ ညီစေမင်းကိုပြသည်။"ကိုညီစေ ကျွန်တော့်လက်ကိုရဲရဲတွဲပါ။"
ထိုစကားသည် ညီစေမင်း၏ရင်ကိုအဆုံးထိ
အရှိုက်မိစေသည်။ညီစေမင်းသည် မျက်ရည်
ဝဲကာခေါင်းညိတ်ပြမိသည်။♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiksi Umumမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...