နေမင်းကိုကိုသည် နံနက်စောစော လမ်းလျှောက်သည့် အလေ့အထကို မပျက်မကွက် ပြုလုပ်လေ့ရှိသည်။ခန္ဓာကိုယ်၏ အဆီပိုမရှိ ကျစ်လျစ်မှုကို ထိန်းသိမ်း
စောင့်ရှောက်သည်။ငယ်ရွယ်စဥ် ဝဝပြည့်ပြည့်လေး နေမင်းကိုကိုနှင့် ယခုတောင့်ဖြောင့်နေသည့်
နေမင်းကိုကိုမှာ တော်တော်လေး ကွဲပြားခြားနားနေသည်။ကလေးဘဝ ဓါတ်ပုံ ထုတ်ပြလျှင်မည်သူမျှ နေမင်းကိုကို ဟုထင်မည်မဟုတ်ပေ။အဆီအစိမ့်များများစားလျှင် ခန္ဓာကိုယ်အလေးချိန်တက်သည့် အလေ့ရှိသည်။
ထို့ကြောင့် အဆီတက်စေသည့် အစားအစာကို ရှောင်သည်။နေမင်းကိုကို၏ မိဘများသည် အရပ်မြင့်သောကြောင့်သာ ဝသည်ဟုမဆိုနိုင်ပေ။
ယခုလေ့ကျင့်ခန်းပြုလုပ်ပြီး ပြန်လာသည့်သူ့ကို မနက်စာစားရန် စောင့်နေကြသည်။နေမင်းကိုကို စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။
"ကုမ္ပဏီအခြေအနေဘယ်လိုရှိလည်း သား အဆင်ပြေလား။ဒယ်ဒီ့ဆီက ဘာအကြံဥာဏ် ယူချင်သေးလဲ။"
"လုပ်ငန်းကကောင်းပါတယ်ဒယ်ဒီ။ကျေးဇူးတင်ပါတယ် ဒယ်ဒီအများကြီး ကြိုးစားပေးခဲ့တာပါ။သားဒီထက်အောင်မြင်အောင်ကြိုးစားမှာပါ။"
နေမင်းကိုကို၏ဖခင်သည် ကုမ္ပဏီဥက္ကဠဖြစ်ပြီး အရေးကြီးအစည်းအဝေးများသာ တက်ရောက်ကာ လုပ်ငန်းကိစ္စအဝဝကို သားဖြစ်သူအား လုပ်ကိုင်ခွင့်ပြုထား
သည်။အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များ ၊ ရှယ်ယာရှင်များမှလည်း နေမင်းကိုကို၏အရည်အချင်းကို ယုံကြည်သည်။လက်ခံသည်။
ထို့ကြောင့် စီအီးအိုနေရာကို တစ်ဦးတည်းပြိုင်ဘက်
မရှိ ရရှိထားသည်။ရာထူးယူထားသည့်အလျောက် လုပ်ရည်ကိုင်ရည် နှင့်စွမ်းရည်ကြောင့် လုပ်ငန်းမှာ တစ်ဟုန်ထိုး တိုးတက်သွားသည်။နာမည်ရ၍ ကျော်
ကြားလာသည်။အလုပ်ကိုတိတိကျကျ သေသေသပ်သပ် လုပ်ကိုင်သည်။ထိုသားဆီမှ အခြားလူတစ်ယောက်ကို ချီးမွမ်း
ခန်းဖွင့် ပြောဆိုနေသံကြားရသည်။မျက်နှာကြည်ကြည်လင်လင်နှင့်ပြုံးပျော်ရွှင်ကာစကားပြောနေသော သားကိုအံ့ဩမိသည်။
YOU ARE READING
ကိုယ့်ရဲ့အရာရာ
General Fictionမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...