ပြတင်းပေါက်လိုက်ကာကို ထိုးဖောက်ဝင်ရောက်
လာသော အလင်းစသည် မျက်နှာပေါ်ကျရောက်
လာသည့်အချိန် မျက်ဝန်းတစ်စုံသည် အလိုလို
ပွင့်လာသည်။အသက်ခပ်ပြင်းပြင်းရှု၍ဖြည်း
ဖြည်းချင်း ပြန်ထုတ်လိုက်သည်။ချွေးများစိုနေ
သည့် ညဝတ်အင်္ကျီကိုချွတ်၍ အခန်းထောင့်
ရှိ ခြင်းတောင်းထဲပစ်ထည့်လိုက်သည်။အိပ်မက်ထဲတွင် ပြေးလွှားနေသည့် ကိုယ့်ကိုယ်
ကိုယ် မြင်ရသည်မှာ စိတ်ပျက်မိသည်။
'ကျွန်တော်ဘာကြောင့်ပြေးလွှားနေရသလဲ'
ထိုမေးခွန်းကို ကိုယ်ကိုယ်တိုင်မဖြေနိုင်ဘဲ
စိတ်တိုင်းမကျ ဖြစ်နေသည်မှာ အချိန်တစ်ခု
ကြာပြီဖြစ်သည်။လိုက်ကာစကိုဖယ်၍ နေ့တစ်နေ့အစ နေရောင်
၏ ဖြာကျလာသော အလင်းကို မျက်စိစုံမှိတ်
ခံယူမိသည်။ ထိုသို့ပြုမူရသည်ကို အလွန်နှစ်
ခြိုက်မိသည်။ ယနေ့ အလုပ်စောစောသွား
ရမည်။အလုပ်နှင့်ပတ်သက်၍ သူ၏မိဘ
များကို မပြောရသေးသည်ကို သတိရမိ
သွားသည်။အမြန်ဆုံးရေချိုးပြီး ပြင်ဆင်ရပေ
ဉီးမည်။လှေကားမှဆင်းလာသော သားတော်မောင်ကို
ထမင်းစားခန်းမှ လှမ်းကြည့်နေသည့် ဖခင်
ဉီးတိမ်လွှာ နှင့် မိခင် ဒေါ်ရွှေကိုကို တို့သည်
စောင့်နေသည်။ သူသည် သွားဖြဲ၍ တဟဲဟဲ
ရယ်ပြရင်း မိခင်ဖြစ်သူဘေးရှိ ခုံတွင် ဝင်ထိုင်
လိုက်သည်။" မာမီ သားကလေ...."
"တော်..မာမီ သိပြီးပြီ။စားစရာရှိတာစား
မြန်မြန်သွား။"ထိုသို့ဆိုလျှင် လုံလောက်ပါပြီ။သူပြောပြစရာ
အကြောင်းများ မရှိတော့ပြီ ဖြစ်သည်။ သား
ဖြစ်သူကို အမြဲ ဂရုတစိုက်နှင့်အသေးစိတ်
နားလည်ပေးနိုင်ဆုံး မိဘနှစ်ပါး ဖြစ်သည်။
ထို့ကြောင့် သူ့အတွက် ပူပင်စရာမရှိ အေးအေး
ချမ်းချမ်း ကိုယ်နှစ်သက်ရာ အလုပ်များ လုပ်
နိုင်နေခြင်းဖြစ်သည်။ဖခင်၏ ကုမ္ပဏီတွင် အလုပ်မလုပ်ချင်သည်
မှာ ကိုယ့်ခွန်အား၊ ကိုယ့်အရည်အချင်းဖြင့် ရပ်
တည်ချင်သောကြောင့် ဖြစ်သည်။မိခင်နှင့်ဖခင်
ကို သူ့လစာဖြင့် အလုပ်အကျွေး ပြုချင်သေး
သည်။ ဖခင်ဝယ်ပေးထားသည့် ကားရှိသော်
လည်း ယခု အလုပ်ကြောင့် အိမ်တွင် ကားကို
ထားပစ်ခဲ့မည်ဖြစ်သည်။

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiction généraleမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...