အလုပ်ဆက်တိုက်လုပ်နေသည့် သူ၏စီအီးအိုမျက်နှာကိုသာအရိပ်တစ်ကြည့်ကြည့် ရှိနေသော ညီစေမင်းသည် သက်ပြင်းများ အခါခါချနေမိသည်။အလုပ်ဝင်ရောက်ချိန်တွင် သူ၏စေ့စပ်သေချာတိကျမှုကို စီအီးအိုသည် သဘောကျ၍ အတွင်းရေးမှူးနေရာ ပေးထားခြင်းဖြစ်သည်။
စီအီးအိုနှင့်ညီစေမင်း နှစ်အတော်ကြာ လက်တွဲလုပ်ဆောင်ခဲ့၍ စီအီးအိုအကြောင်း သူကောင်းကောင်း
သိသည်။စီအီးအိုသည် အရယ်အပြုံးနည်းသည်။
သို့သော်လည်း လူမှုဆက်ဆံရေးကောင်းသည်။အလှူအတန်းလည်းများသည်။ရက်ရက်ရောရော
အကူအညီပေးတတ်သူတစ်ယောက်ဖြစ်သည်။အချိန်အတော်ကြာ စီအီးအို အနီးနေခဲ့ရသောကြောင်ရှေ့ဆက်ရမည့် ဘဝတွင်လည်း ညီစေမင်းသည် ဘေးမှာအတူရှိနေချင်သော လောဘစိတ် တဖြည်းဖြည်းများလာသည်။သူဌေး၏ ပြုံးနေသောမျက်နှာကို ယခင်ကမမြင်ဘူးခဲ့ပေ။ယခုလိုမြင်ရသည့်အခါ ညီစေမင်းရင်မှာ ဗလောင်ဆူနေသည်။သူ့ကိုဆုံးရှုံးရတော့မည် ဟုအတွေးဝယ်ပေါ်လာသည်။
မြိုသိပ်ထားရမည့် စကားများရင်ဝမှာ တစ်ဆို့နေသည်။စိတ်ထဲတွင် သိမ်းထားသောစကားများ အမှတ်မထင်ထွက်ကျလာသည်။
"ကျွန်တော် ကိုနေ့ဘေးမှာ ထာဝရ အတူရှိချင်တယ်။နေလို့ရမယ်မလား။"
ဧည့်သည်နှင့်စကားပြောနေသော စီအီးအို နေမင်းကိုကိုသည် အတွင်းရေးမှူး တစ်ခုခုပြောလိုက်သည်ကို ကြားမိသော်လည်း စကားလုံးသေချာမသဲကွဲဘဲ မည်သည့်အကြောင်းအရာ ပြောလိုက်မှန်းမသိဖြစ်နေ
သည်။ဧည့်သည်နှင့်စကားစဖြတ်ပြီးနောက် မေးလိုက်သည်။"ညီစေ ဘာပြောလိုက်တာလဲ။ကိုယ်သေချာ မကြား
လိုက်ဘူး။ပြန်ပြောဦး""ဘာ...ဘာမှမဟုတ်ပါဘူး။ကိုနေ။အလုပ်ကိစ္စတစ်ခု
စဥ်းစားမိသွားလို့ပါ။""အိုကေ"
ညီစေမင်းသည် နေမင်းကိုကို၏ နာမည်ကို ကိုနေ
ဟုခေါ်ခွင့်ရှိသော ကုမ္ပဏီ၏ ပထမဆုံးတစ်ယောက်ဖြစ်သည်။စီအီးအို နေမင်းကိုကိုသည် ညီစေ ဟုပြန်ခေါ်လျှင် သူ့မှာ ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရသည်။အချိန်တို့တရွေ့ရွေ့ ကုန်ဆုံးလာသည့်အခါ အိမ်မပြန်ချင်သော ညီစေမင်း အလုပ်ကို လက်စသတ်နေရသည်။ကားတစ်စီးတည်း ဘေးချင်းယှဥ်ထိုင်လာရသည့် ခံစားချက်ကို ညီစေမင်း အလွန်နှစ်သက်သည်။သူနှင့်စီအီးအို အတူတူသွား ၊ အတူတူစားရသည့်အခါ စိတ်ထဲတွင် ဝမ်းသာမဆုံး ဖြစ်ရသည်။
ထိုနည်းနှင့်ပင် သံယောဇဥ် ပိုတွယ်လာမိမလားဟု တိတ်တခိုး မျှော်လင့်မိသည်။တစ်ခါတစ်ရံ မျှော်လင့်ချက်သည် လူတစ်ယောက်၏ အသက်ကိုဆက်ပေးနိုင်လိမ့်မည်။ထိုမျှော်လင့်ချက်နှင့်ရှင်သန်ရင်း ဘဝကို ရှေ့ဆက်လျှောက်မိမည်ဖြစ်သည်။
ထိုမျှော်လင့်ချက်များ ပျက်သုဥ်းသွားလျှင် ထိုသူ၏ဘဝ မည်သို့မည်ပုံ ဖြစ်သွားမည်လဲမသိနိုင်ပေ။သူ၏အရာရာသည် စီအီးအို နေမင်းကိုကို ဟုလို့သာပြောချင်သည်။
ယခုလက်ရှိ အနေအထားတွင် သူ၏မျှော်လင့်ချက် ယိမ်းယိုင်သွားမည်လား သူမသိသော်လည်း သူ၏
သံယောဇဥ်သည် မှေးမှိန်သွားမည်မဟုတ်ပေ။သူပြောနိုင်သည်မှာ နေမင်းကိုကို၏ ဘဝလမ်းခရီးတစ်လျှောက် မျှော်လင့်ချက်များ ပြည့်ဝအောင်သူဖြည့်ဆည်းပေးနိုင်လိမ့်မည်။သူသာလျှင် စီအီးအို နေမင်းကိုကို၏ မျှော်လင့်ချက်များပြည့်အောင် ဖန်တီးပေးနိုင်မည့်သူ ဖြစ်သည် ဟုယုံကြည်မိသည်။
"ညီစေ ဘာတွေတွေးနေတာလဲ။ငြိမ်နေတာပဲ စကားလည်းမပြောဘူး။"
"မဟုတ်ပါဘူး။ကိုနေ။အလုပ်ကိစ္စ တွေးနေတာပါ။"
"အဲ့လောက်ထိ မတွေးပါနဲ့။အခုက နားလို့ရတဲ့ အချိန်ပါ။နားပါညီစေ။"
သူ၏စီအီးအိုသည် သည်လိုလူစားမျိုးဖြစ်သည်။သူ၏
စီအီးအိုနှင့်ပတ်သက်လျှင် အလွန်ဂုဏ်ယူရသည်။တစ်
ဖက်သားကို အလေးပေးသည်။လေးစားသည်။မျှတစွာ ကြည့်ရှုစောင့်ရှောက်သည်။စီအီးအို၏စိတ်ထားမျိုး သူထားတတ်အောင် စိတ်ကို
ကြည်ကြည်လင်လင်ရှိအောင် သူနေရမည်ဖြစ်သည်။
YOU ARE READING
ကိုယ့်ရဲ့အရာရာ
Художественная прозаမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...