နေ၏ပူပြင်းမှုသည် ကတ္တရာလမ်းမကြီးမှသည် အပေါ်သို့လျှံထွက်နေသည်။ရာသီဥတုပူပြင်းမှုကို အန်တုရင်း လူအများ ဥဒဟိုလှုပ်ရှားသွားလာနေကြသည်။ထီးပါသည့်သူသည် ထီးဆောင်း ၊ ထီးမပါသည့်သူများသည် ပါလာသည့် ပစ္စည်းများကို ခေါင်းပေါ်ဆောင်းရင်း ခပ်သွက်သွက် လမ်းလျှောက်နေကြသည်။
ထိုလူအများကြားထဲ ထင်းနေသောသူသည် ထီးမပါဘာမပါဘဲ သွားနေသည်။သူများထက်ခေါင်းတစ်လုံးပိုသာသော အရပ်အမောင်း ၊ နို့နှစ်ရောင် အသားအရေ
နှင့်သူ့ကို ဘေးမှဖြတ်သန်းသွားသော လူမှန်သမျှ တစ်ချက်တော့ ကြည့်သွားကြသည်။လမင်းကိုကိုသည် လမ်းသွားနေရင်း မြည်တွန်တောက်တီးနေသည်။
"Taxi ငှားရင်ကောင်းမလား။ငှားရင် ပိုက်ဆံက ကုန်ဦးမယ်။bus ကားစီးရင်ကောင်းမလား။နေကလဲ ပူလိုက်တာ။ဟူး...... လောလောဆယ်တော့ bus ကားဂိတ်ပဲ အရင်သွားရမယ်။"
ထိုသို့မြည်တွန်တောက်တီးနေစဥ် သူ့ရှေ့မှဖြတ်မောင်းသွားသော ကားတစ်စီးရှိသည်။ထိုကားမှာ UMFCCI တွင်အစည်းအဝေးတက်ပြီး ပြန်လာသော နေမင်းကိုကို၏ကားဖြစ်သည်။
နေမင်းကိုကိုသည် ကားထဲမှ အပြင်ဘက်ရှိ လူ့ဘဝကြီး၏အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျအလိုက် လှုပ်ရှားရုန်းကန်နေကြသောလူများကို ငေးရင်းလိုက်ပါလာသည်။
နေမင်းကိုကိုသည် လမင်းကိုကို ကိုဖျတ်ခနဲမြင်လိုက်သည်နှင့် သူ၏ကားမောင်းသူကို လှမ်းပြ၍အခေါ်လွှတ်လိုက်သည်။ဟူး....သက်ပြင်းတစ်ချက်ချကာ စိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်သည်။ကားထဲသို့ ဝင်ထိုင်လိုက်သည့်အခါ ကားမှာ တဖြည်းဖြည်းမောင်းထွက်လာသည်။
"Boss မင်္ဂလာပါ ။ကျွန်တော် အလုပ်ကိစ္စလေးရှိလို့။"
"ဟုတ်လား။ကိုက အစည်းအဝေးပြီးလို့လေ။ဘယ်ထိသွားမှာလဲ။"
"မြောက်ဒဂုံပါ Boss။လုံးချင်းအိမ်ဆောက်တဲ့ကိစ္စ လူမရှိလို့ ကျွန်တော့် လွှတ်လိုက်တာ။"
"အင်း...ကိုလိုက်ပို့မယ်။ကို လည်း အဲဒီဘက်သွားမှာ။"
"Boss တကူးတကတော့ မလုပ်ပါနဲ့။ကျွန်တော် ကိုယ့်ကိုယ်သွားလိုက်ပါမယ်။"
"ရတယ် ၊ မလိုဘူး။ဟိုမှာ ရေသောက်လိုက်ဦး။"
စကားခပ်ပြတ်ပြတ်ပြောသည့် စီအီးအိုနှင့် တစ်နာရီကျော်ကြာအောင် ကားစီးရမည့်အရေးကို တွေးမိနေ
သည့် လမင်းကိုကိုမှာ စိတ်ရှုပ်နေသည်။ရေဆာသော်
လည်း ရေသောက်ချင်စိတ်မရှိဖြစ်နေသည်။
တစ်ဖက်မှာလည်း ခုချိန်ထိ မတုန်လှုပ်ကျောက်ဆစ်ရုပ်အလားငြိမ်နေသည့် သူ့ကို မျက်လုံးထောင့်ကပ်၍
ကြည့်နေသော သူရှိနေသည်။မည်သူမျှစကားမပြောဖြစ်ဘဲ ကားထဲတိတ်ဆိတ်သွားသည်။
ထိုသို့ တိတ်ဆိတ်နေစဥ် ရေဘူးသို့ လှမ်းလိုက်သော လက်နှစ်ဖက်သည် တစ်ဦးလက်သို့တစ်ဦး ဆုပ်ကိုင်မိရက်ဖြစ်သွားသည်။နှစ်ဦးသား အိုးတိုးအမ်းတမ်း ရှက်ကိုးရှက်ကန်းနှင့်ယခုမှ အသံထွက်လာသည်။
"Boss အရင်သောက်ပါ။"
"ကို....ကိုသောက်မလို့ မဟုတ်ဘူး။ညီသောက်ဖို့ ယူပေးတာ။"
နှုတ်မှပြိုင်တူထွက်လာမိသော စကားအဆုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။တစ်ယောက်သည်ရေသောက်ရန် အချက်ပြသည့်အခါ နောက်တစ်ယောက်မှာယူသောက်သည်။
စိတ်တူကိုယ်မျှ ဖြစ်သည့် အပြုအမူများစွာ ရှိနေသည်။
ထို့နောက်ကားထဲတွင် တိတ်ဆိတ်သွားပြန်သည်။
တိတ်ဆိတ်ချိန်ကို စကားတစ်ခွန်းက ဖြိုခွင်းလိုက်သည်။
"ညီ ပရော့ဂျက်ကိစ္စ ဘယ်လိုလဲ ပြင်ဆင်ပြီးပြီလား။"
"ဟုတ်ကဲ့ တစ်ဝက်လောက်တော့ ပြီးပါပြီ။အစည်း
အဝေးနေ့ကျရင် တင်ပြနိုင်မှာပါ။"
"အင်း...ညီ။"
"ဒီနေ့ အလုပ်ကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေအောင်စီစဥ်ခဲ့နော် ညီ။"
"Yes,boss"
စီအီးအို နေမင်းကိုကိုသည် အားကြိုးမာန်တက် အားရပါးရ အကျယ်ကြီးအော်ပြီးမှ ဇက်ပုသွားသော
ထိုကောင်လေးအား သဘောတကျရယ်နေမိသည်။
YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiksyen Umumမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...
