ရုံးသို့ တိတ်တိတ်ကလေးဝင်လာသော သူ့နောက်ကို လူတစ်ယောက်သည် တိတ်တိတ်ကပ်လိုက်သွားသည်။ရုံးခန်းထဲဝင် အိတ်ကိုနေရာတကျချ ၊ ထိုင်ခုံတွင်ပစ်ထိုင်ပြီး နောက်သို့မှီချကာ မျက်လုံးစုံမှိတ်ထားမိသည်။
ရင်ထဲတွင် တင်းတင်းကျပ်ကျပ်ကြီး အသက်ရှုမဝသလိုခံစားနေရသည်။ထို့နောက် အဆောက်အဦအပေါ်ထပ်တွင် ခဏအနားယူရန် အခန်းဝသို့ ခြေအလှမ်း တစ်စုံတစ်ယောက်မှာ ယင်းအခန်းအပေါက်ဝ၌ ရပ်ကာ သူ့ကို ကြည့်နေသည်။ပြီးနောက် မပြောမဆိုဘဲ သူ့ကိုအတင်းဖက်လိုက်လေသည်။
"boss ဘာလုပ်တာလဲ လွှတ်... ကျွန်တော်အသက်ရှုကျပ်တယ်။လွှတ်ဆို။"
"ညီ ကိုနဲ့စကားပြောမှာလား။မပြောဘူးလား။"
"အိုကေ ပြောမယ် ပြောမယ် လွှတ်။"
ထိုသို့လွှတ်ပေးပြီး စကားပြောရန် အပေါ်ထပ်သို့တက်လာကြသည်။ထိုနေရာသို့ ရောက်လျှင်ရောက်ချင်း နေမင်းကိုကိုသည် လမင်းကိုကိုအား ဖက်ထား၍ မမှိတ်မသုန်ကြည့်သည်။လမင်းကိုကိုလည်း အတင်းရုန်းလေသည်။
"ညီ ခဏလေး... ခဏလေးပဲ။ငါးမိနစ်ပဲကွာ ဒီတိုင်းလေးနေရအောင်.."
ဝင်သက်ထွက်သက်နှင့်အတူ စည်းချက်တကျ နှလုံး
ခုန်သံကို နှစ်ဦးသားကြားနေရသည်။မိနစ်အနည်းငယ်အကြာ နှစ်ဦးသားပို၍ တင်းကျပ်စွာ ဖက်လာကြသည်။တစ်ယောက်ကိုတစ်ယောက် လက်မလွှတ်နိုင်ဘဲ စိတ်ကိုလည်း ထွင်းဖောက်မြင်မိလာသည်။"လ..က..လေး.. ကို လကလေးကို ဘယ်လိုနည်းနဲ့မှ လွှတ်မပေးနိုင်ဘူး။"
"ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တယ်။"
"လ..က..လေး.. ကိုကိုနေမင်းရဲ့ လကလေး"
လမင်းကိုကိုသည် ရုတ်တရက် သတိဝင်လာပြီး နေမင်းကိုကို ကိုတွန်းထုတ်လိုက်သည်။သူသည် အံ့ဩမှင်တက်မိသဖြင့် ငေးကြည့်လာသည်။
"ကျွန်တော် လက်မခံနိုင်ဘူး။"
"လကလေး ဘယ်လိုပြောလိုက်တယ်။"

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiksi Umumမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...