Episode (13)

55 10 2
                                    

ဘားတစ်ခုတွင်   သီချင်းသံများ ၊   အရက်​သောက်​နေ​
​သော စားပွဲဝိုင်းများဖြင့် ပြည့်​နေသည်။ထိုလူများကြားတွင် ညီ​စေမင်းသည်  အရက်ကို  တစ်ခွက်ပြီးတစ်ခွက်  လက်မှမချစတမ်း ​သောက်​နေမိသည်။အနားတွင်  'ဘယ်သူ​တွေရှိသလဲ' ဟုဂရုမစိုက်နိုင်ဘဲ အ​မှောက်​သောက်ပစ်​နေသည်။

ဘားထဲသို့ ​ နောက်ထပ်လူငယ်တစ်​ယောက် ဝင်လာပြီး  သူ့ကိုမြင်သည်နှင့်  တန်းတန်းမတ်မတ် ​ လျှောက်လာသည်။လက်တွင်ကိုင်ထား​သော အရက်ခွက်ကို ဆွဲလုပြီး တစ်ကျိုက်တည်း  ​မော့​သောက်ပစ်လိုက်သည်။

"မင်းဘယ်သူလဲ။ဒါဘာလုပ်တာလဲ။"

"ကျွန်​တော့်ကို ​သေချာကြည့်ပါဦး။ဘယ်သူလဲဆိုတာ။"

"လမင်း...လမင်းညီညီ ဒီကိုဘယ်လိုလုပ်။"

"ဘာ​တွေထူးဆန်းလုပ်​နေတာလဲ။ကိုညီ​စေက ဒီကို တစ်လ တစ်​ခေါက်အမြဲလာတယ်။ကျွန်​တော်လည်း တစ်ခါတ​လေ​ပေါ့။"

စကားဆက်မ​ပြောဘဲ  အရက်ဆက်​သောက်​နေ​သော ညီ​စေမင်းကို လမင်းညီညီ ထိုင်ကြည့်​နေသည်။ထို့နောက် မ​ပြောမဆိုဘဲ  အရက်ခွက်ကို ထပ်လုပြီး
ယူ​သောက်ပစ်လိုက်သည်။ညီ​စေမင်း ကလည်း ခွက်ကို ပြန်လုသည်။ပြီး​နောက် တစ်​ယောက်ကို တစ်​ယောက် စူးစူးစိုက်စိုက် ကြည့်ကြသည်။

"အရူး​ကောင်"

"ဘယ်သူ့ကို​ပြောတာလဲ။"

"မင်းကို​ပြောတာ  ငါတို့စီအီးအိုရဲ့ညီ ၊ ​နေမင်းကိုကိုရဲ့  ညီ   လမင်းညီညီ ဆိုတဲ့ မင်းကို​ပြောတာ။"

လမင်းညီညီ ဟက်ဟက်ပက်ပက် ရယ်မိသည်။အရက်လည်း မူး​​နေ​သေး ၊ စွာလည်းစွာ​နေ​သော ညီ​စေမင်းကိုအသည်းယား ​နေသည်။

"​သေချာ​နေပြီ။ကိုညီ  ခင်ဗျား​လေးကို   ကျွန်​တော်
အမြန် သိမ်းပိုက်မှဖြစ်​​တော့မယ်။ဘယ်သူ့ဆီမှ အပါမခံနိုင်ဘူး။"

ထိုစကားကို ညီ​စေမင်း မကြားနိုင်​တော့ပါ။ညီ​စေမင်း
၏ မူး​နေ​သော  ခန္ဓာကိုယ်ကိုဆွဲမပြီး  လမင်းညီညီ ဆွဲ​ခေါ်ရာသို့ ပါသွား​လေသည်။

ကိုယ့်ရဲ့အရာရာWhere stories live. Discover now