ရုံးပိတ်ရက် အိမ်တွင် နားအေးပါးအေးနေမည်
ဟု ကြံစည်ထားသော်လည်း အိမ်ကို ဧည့်သည်
လာမည်ဆိုသောကြောင့် သပ်သပ်ရပ်ရပ် ဝတ်
စားကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
လမင်းကိုကိုသည် မိဘစကားနားထောင်သော
သားလိမ္မာဖြစ်သည့်အလျောက် သူဖြစ်ချင်သည်
နှင့်မိဘဖြစ်စေချင်သည်ကိုညှိနှိုင်းတတ်သောသူ
ဖြစ်သည်။ယခုလည်းဧည့်သည်ကို ခဏတစ်ဖြုတ်ဧည့်ခံပြီး
အပေါ်ထပ်သို့ ပြန်တက်၍ အနားယူရန်ပြောဆို
ထားပြီးဖြစ်သည်။ခြံထဲသို့ကားတစ်စီးဝင်လာသံ
ကြားသည့်အခါ သူပဲအရင်ဉီးအောင်ထွက်ကြို
လိုက်သည်။ကားထဲမှ လူကြီးနှစ်ယောက်ဆင်း
လာသည်ကို ခရီးဉီးကြိုဆိုလိုက်သည်။"မင်္ဂလာပါ အန်ကယ်လ်နဲ့အန်တီ"
နှုတ်ဆက်ပြီးနောက် ကားမောင်းသူနေရာမှ
နောက်ထပ်ဆင်းလာသည့် လူတစ်ယောက်ကို
မြင်သည့်အခါ တအံ့တဩဖြစ်သွားသည်။"Boss"
"သားတို့က မသိကြသေးဘူးလား။ဒယ်ဒီတို့က
သိနေပြီထင်တာ။"အနောက်မှရောက်လာပြီးပြောသောစကား
ကြောင့် ဖခင်နှင့်မိခင်ဆီ လမင်းကိုကို လှည့်
ကြည့်လာသည်။နှစ်ဖက်မိဘများမှာငယ်
သူငယ်ချင်းများဖြစ်ကြောင်း ထိုအချိန်မှ
သိကြရသည်။စကားပြောဆို နှုတ်ဆက် ၊
ထမင်းစားသောက်ပြီး ဧည့်ခန်းတွင်ထိုင်ကာ
စကားစမြည်ဆက်ပြောကြသည်။"သားတို့ကွာ။ခုချိန်ထိ မသိသေးတာ တကယ်
အံ့ဩတယ်။""သားတို့လည်း အလုပ်ကိစ္စနဲ့ပဲ လုံးပန်းနေတာ
ဆိုတော့ မိဘတွေအကြောင်း မပြောဖြစ်ကြ
တာပါ။""သူငယ်ချင်းကြီး ငါတို့လည်းရယ်တော့ရယ်ရ
သားကွ။ကုမ္ပဏီနှစ်ခုပေါင်းမယ်ဆိုပြီးပြောလိုက်
ကြသေး။အ..ဟေး..ဟေ..""ဘယ်တတ်နိုင်မလဲကွာ။ကံစီမံရာပေါ့။"
လူကြီးများသည် ထိုသို့ပြောဆိုပြီးသဘောတကျ
ဖြင့် တဟားဟားသာရယ်နေကြသည်။လူကြီးများ
ပြောသောစကားကိုနားမလည်ဟန်ဖြင့် သားသုံး
ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
မိကြသည်။ထို့နောက်နေမင်းကိုကိုသည်
အကြီးဆုံး ဖြစ်သည့် သူသာလျှင်မေးခွင့်ရှိမည်
အထင်ဖြင့်မေးလိုက်သည်။"ဒယ်ဒီတို့ပြောတာ သားတို့ နားမလည်ဘူး။သားတို့
သိခွင့်ရှိမလား။""သိရတာပေါ့ကွာ။ဒီလိုကွ ငယ်သူငယ်ချင်းတွေ
ဆိုတော့ ကလေးတွေကို လက်ထပ်ပေးပြီး
ခမည်းခမက်တော်မယ်။ကုမ္ပဏီနှစ်ခု
ပေါင်းကြမယ်။ဒီလိုလေးရှိခဲ့တာပေါ့။"ထိုပြောစကားကို သားသုံးယောက်ကြားပြီး
နောက် လမင်းကိုကိုသည် မုန့်စားနေရင်း သီး
လေသည်။နေမင်းကိုကိုမှာကျောပြင်ကိုပုတ်
ပေးပြီးရေခွက်ကို လှမ်းယူပေးသည်။လမင်းကိုကို
သည်မျက်နှာနီရဲလျက် ဘာလုပ်ရမှန်းမသိဖြစ်
နေသည်။ထိုအခြေအနေတွင် အသည်းအသန် ငြင်းသော
သူမှာ လမင်းညီညီဖြစ်သည်။"သားမယူဘူးနော်။မယူဘူး။သားမှာချစ်ရတဲ့
သူရှိတယ်။"ရုတ်ချည်းပြောလိုက်သည့်စကားကြောင့်အားလုံး
မှာ အသံတိတ်ပြီး လမင်းညီညီကိုကြောင်ကြည့်
နေမိသည်။အခွင့်အရေးကိုစောင့်နေသူလမင်း
ညီညီမှာအလုပ်ကိစ္စရှိသည်ဟု အကြောင်းပြပြီး
ထွက်လာခဲ့သည်။လူကြီးများမှာလည်း ရုတ်တရက်ဖြစ်ပေါ်လာသော
အနေအထားကြောင့် 'သွား သွား' ဟု လွှတ်လိုက်
လေသည်။လမင်းကိုကိုလည်း ခဏအနားယူမည်
ဟု အကြောင်းပြကာ အပေါ်ထပ်သို့တက်သွား
လေတော့သည်။ဧည့်ခန်းတွင်ကျန်ရစ်ခဲ့သူများမှာခေတ္တမျှတိတ်
ဆိတ်သွားပြီးဘယ်စကားစရမည်မှန်းမသိ ဖြစ်နေ
သည်။ထို့ကြောင့် စကားစလိုက်သူမှာနေမင်းကိုကို
ဖြစ်သည်။"ဒယ်ဒီ ၊ မာမီ ၊ အန်ကယ်လ် နဲ့ အန်တီတို့ကို
သားပြောစရာရှိပါတယ်။""သားက ဘာပြောမှာလဲ။ပြောလေ သား။"
"သားအနားမှာ လမင်းကိုကို ကိုခေါ်ထား
ချင်လို့ပါ။""ဟေ..."
ကြိုတင်ပြင်ဆင်မှုမရှိဘဲပြောသောနေမင်းကိုကို
၏ စကားကိုလူကြီးများနားထောင်ပြီး မှင်တက်မိ
နေကြသည်။သူသည်စကားကိုဆက်ပြောသည်။"ညီ့ကို ကျွန်တော့အနားမှာ ထားချင်ပါတယ်။
တစ်သက်လုံးအတွက်ပါ။ခေါ်ထားခွင့်ပေးပါလို့
တောင်းပန်ချင်ပါတယ်။"အရာအားလုံးသည် တိတ်ဆိတ်သွားလေသည်။
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇

YOU ARE READING
ကိုယ့်ရဲ့အရာရာ
General Fictionမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...