အခန်းထဲသို့ စကားကျယ်ကျယ် ပြောဆို၍ ဝင်လာသော သူငယ်ချင်းနှစ်ယောက်သည် လိုက်ကာများဆွဲ
ဖွင့် ၊ ပြတင်းပေါက်များဖွင့်ကာ အလုပ်ရှုပ်လိုက်ကြသည်။အလင်းရောင်သည် မျက်နှာပေါ်သို့ စူးခနဲရောက်
လာ၍ စောင်နှင့်အုပ်လိုက်သည်။ထိုအခြေအနေကိုမြင်သည့်နှစ်ယောက်သည် စောင်ကိုဆွဲခွာရာ တစ်ယောက်သည် အတင်းပြန်ဆွဲနှင့်လုံးထွေးနေကြသည်။ထို့နောက်ရယ်သံများ ထွက်ပေါ်လာကာ တစ်ယောက်နှင့်တစ်ယောက် ခေါင်းအုံးများဖြင့်ပစ်ပေါက်ကြတော့သည်။အချိန်တစ်ခုကြာမှသာ ရပ်လိုက်ကြသည်။
"တော်...တော်...မင်းတို့နှစ်ယောက်လာပြီဆိုတာနဲ့ ငါကောင်းကောင်းမနေရတော့ဘူး။"
"အော်...အေးပါကွာ မင်းပဲပြော။မင်းငါတို့ကို အဆက်
ဖြတ်ထားတာရော ကောင်းလား။""ငါအလုပ်များနေလို့ပါကွာ။"
"အေးကွာ။မင်းပဲအလုပ်များသိလား။ငါတို့က အလုပ်
လက်မဲ့တွေ..."လမင်းကိုကိုသည် မျက်နှာရှုံမဲ့စွာ အပြစ်တင်နေသော သူငယ်ချင်းနှစ်ယောက်ကိုကြည့်၍ ပြုံးမိသည်။သူငယ်ချင်းအပေါင်းအသင်းအများကြီးမရှိ၍ သူသည် သူတို့ကို တန်ဖိုးထား ချစ်ရသည်။လမင်းကိုကိုဆိုးသမျှလည်း အလွန်တရာ သည်းညည်းခံသော သူငယ်ချင်းများဖြစ်သည်။
"အောင်လေး ၊ ရှိုင်းလေး "
"ဘာလဲ။"
အတိုင်အဖောက်ညီသလောက် ပြန်ထူးတော့လည်း ပြိုင်တူပင်ဖြစ်သည်။သူတို့ကို ကြည့်၍ ကြည်နူးမိ
သည်။အဘယ်ကြောင့်သည်လိုခံစားမိသလဲ သူမသိပေမည့် အရင်လိုဆို ပုံမှန်ဖြစ်နေရမည်။ယခု သူတို့နှစ်ယောက်ကို မြင်ရသည်မှာ စိတ်ချမ်းသာ
မိသည်။လွတ်လပ်ပျော်ရွှင်မိသည်။ရင်တဒိတ်ဒိတ်ခုန်မိသည်။အဘယ်ကြောင့်နည်း။"ဟေ့ကောင်... ဘာတွေပြုံးနေတာလဲ။ထတော့။ငါတို့
ဒီနေ့ တစ်နေကုန် လစ်မယ်။ပြီးရင် နိုက်အောက်ပါ တစ်ခါတည်းပဲ။"

YOU ARE READING
ကိုယ့်ရဲ့အရာရာ
General Fictionမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...