နေရောင်လရောင်ကုမ္ပဏီ၏ ဥက္ကဠကြီး ဝင်လာသည့်အခါ ဝန်ထမ်းအများအပြားမှ ရိုသေမှုဖြင့်ဦးညွှတ်ကြသည်။ယနေ့ အမှုဆောင်ဒါရိုက်တာများအစည်းအဝေးရှိ၍ ဥက္ကဠကြီးကို တွေ့ရခြင်းဖြစ်သည်။
တစ်လတစ်ခါ ပြုလုပ်သော ထိုအစည်းအဝေးတွင် လုပ်ငန်းတိုးချဲ့မည့် အစီအစဥ်များ တင်ပြ၍ အဖွဲ့ဝင်များ သဘောတူလျှင် ဆက်လက်လုပ်ဆောင်စေသည်။
စီမံကိန်းအသစ်မရှိလျှင် မူလလုပ်ငန်း အစီအစဥ်များ အတိုချုပ်ရှင်းပြ၍ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ရန် ပြောသည်။ယခုအစည်းအဝေးတွင် စီအီးအိုကိုယ်တိုင် စီမံကိန်းကို ရှင်းပြမည့် အနေအထား အသင့်ဖြစ်နေ
သည်။ခန်းမထဲတွင် နေရာတကျယူထားပြီး စောင့်စားနေကြသည်။ထို့နောက် စီအီးအို နေမင်းကိုကိုသည် ရှေ့သို့ထွက်လာပြီး စီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြသည်။
တချို့အမှုဆောင်များသည် ခေါင်းတညိတ်ညိတ်ဟန်ရှိနေပြီး ၊ တချို့သည် စဥ်းစားနေဟန်ရှိသည်။သူသည် အမှုဆောင် ဒါရိုက်တာများ၏ မေးခွန်းမှန်သမျှကို
ချက်ကျလက်ကျရှင်းပြသည်။သည်စီမံကိန်းကို သူအောင်မြင်စေချင်သည်။သူ့ကောင်လေး၏ မျှော်လင့်ချက်များကို ဖျက်ဆီးမည့်သူ မဖြစ်ချင်ပေ။သူအောင်မြင်အောင်ကြိုးစားရမည်ဟု စိတ်ထဲကြုံးဝါးမိသည်။
"ကျွန်တော့်အနေနဲ့ ဒီစီမံကိန်းကိုသဘောတူပါတယ်။"
ဥက္ကဌကြီး၏ပြောစကားကို အမှုဆောင်ဒါရိုက်တာများ လက်ခံသည့်ဟန်ဖြင့် လက်ခုပ်တီးကြသည်။အမှုဆောင်များထဲမှ စီးပွားရေးဆိုင်ရာဝါရင့် ဒုဥက္ကဌကြီးမှလည်း သဘောတူကြောင်း ပြောသည်။
"ကျွန်တော်လည်း သဘောတူပါတယ်။လူငယ်လေးတွေရဲ့ စဥ်းစားဖန်တီးနိုင်စွမ်းက ကျွန်တော်တို့ အဘိုးကြီးတွေ လိုက်လို့မမီနိုင်ဘူး။ဒီစီမံကိန်းက အသေးစိတ်ကျတယ်။ခေတ်နဲ့လည်း လျော်ညီတယ်။အခုလို ပြောင်းလဲတိုးတက်နေတဲ့ ခေတ်မှာ အရင်လို ဒါမှဒါဆိုပြီး နည်းလမ်းဟောင်းမလုပ်ကြတော့ဘူးလေ။ဒါကို ကျွန်တော်တို့လက်ခံရမယ်။"

YOU ARE READING
ကိုယ့်ရဲ့အရာရာ
General Fictionမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...