အဆောက်အဦအတွင်းသို့ ဝန်ထမ်းများ တဖွဲဖွဲဝင်လာကြသည်။ထိုအထဲတွင် လမင်းကိုကိုသည် တွေ့သမျှလူလိုက်နှုတ်ဆက်ပြီး စနောက်ပြောင်ပြနေသည်။ဓါတ်လှေကား အနီးအနားရှိလူများ မစီးသေးဘဲ ဟိုလိုလိုသည်လိုလို လုပ်နေကြသည်။အကြောင်းမှာ သူတို့၏
စီအီးအို ဓါတ်လှေကားအနီးတွင်ရှိနေပြီး အတူတူ
မစီးချင်သောကြောင့်ဖြစ်သည်။အကြောင်းအရာကို မသိသော လမင်းကိုကိုမှာ လိုက်မည် လိုက်မည်ဟု အော်ဟစ်ပြီး ဓါတ်လှေကားထဲ ပြေးဝင်သွားလေသည်။အထဲသို့အရောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကိုယ့်ကိုယ်ကိုယ် အရှိန်သတ်လိုက်သည်။ထိုအခြေအနေကို နှုတ်ဆက်ခြင်းဖြင့် စတင်လိုက်လေသည်။
"မင်္ဂလာပါ boss ၊ မင်္ဂလာပါ ကိုညီစေ။"
"မင်္ဂလာပါ ညီ။"
သူ့ထက်အရင်ဦးအောင် အလျင်စလို နှုတ်ဆက်လိုက်သောစီအီးအိုကို ညီစေမင်းကြည့်လိုက်မိသည်။ပြီးနောက် သူလည်း နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ။"
နာမည်ပင်ထည့်မခေါ်နိုင်တော့ဘဲ ရိုးရိုးပဲနှုတ်ဆက်လိုက်သည်။စီအီးအိုနှင့်ဝန်ထမ်းသစ်၏ အခြေအနေကို သူအကဲခတ်နေမိသည်။နှစ်ယောက်သား အလွန်ပျော်နေသည်ဟု ညီစေမင်း စိတ်ထဲ ထင်နေမိသည်။
"ညီ...သွားမယ့်အထပ်နှိပ်လိုက်ဦးလေ။"
"ဪ...ဟုတ်သား...ဟီး...ကျွန်တော်မေ့သွားတယ်"
နှစ်ယောက်သားတွေ့လိုက်သည့်အချိန်တိုင်း တစ်ယောက်သည် အသေးစိတ် ဂရုစိုက်ကြည့်တတ်ပြီး တစ်ယောက်သည် တလွဲတချော်တွေ ဖြစ်သွားတတ်သည်။
သည်အနေအထားကို ကိုယ်ကိုယ်တိုင် မသိကြဘဲ ဘေးရှိလူများသာ မြင်နေရသည်။၎င်းကိုမြင်သည့်အခါ
ညီစေမင်း ရင်ထဲ ဗလောင်ဆူရသည်။သူနောက်ကျသွားပြီဟုလည်း ခံစားမိသည်။"သောကြာနေ့က အဆင်ပြေလား ညီ။"
"ပြေတာပေါ့ boss ကိုယ်တိုင်လိုက်ပို့မှတော့ မပြေဘဲရှိမလား။"

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Ficção Geralမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...