အိမ်ပြန်လာသည့် လမ်းတစ်လျှောက် ကိုယ့်ကိုယ်ကိုယ် အကျေနပ်ကြီး ကျေနပ်နေမိသည်။ကိုယ်ဖြစ်ချင်သည့်အရာများ တဖြည်းဖြည်း အကောင်အထည် ပေါ်လာပြီဟု ခံစားမိသည်။ထိုအချိန် အတွေးထဲတွင် သူ့မျက်နှာ ပေါ်လာသည်။
ဟုတ်သည် သူ့ကြောင့် ကိုယ့်အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့သည်။အရာရာသည်သူနှင့်တွေ့ပြီးနောက်ပိုင်း ပိုသေချာလာသည်။ရည်မှန်းချက် ၊ မျှော်လင့်ချက် စသည်တို့ တောက်ပလာသည်ဟုမြင်မိသည်။
စဥ်းစားမိလေ ကျေနပ်လေ ၊ စဥ်းစားမိလေ ကြည်နူးမိလေ တစ်ယောက်တည်း ပြုံးလိုက် ၊ ရယ်လိုက် ဖြစ်နေမိသည်။ထိုအချင်းအရာကို မိဘများ တအံ့တဩဖြစ်နေစဥ် သူ၏မိဘများဆီသို့ သွက်လက်စွာ လျှောက်သွားမိသည်။
"မာမီ သားအလုပ်အဆင်ပြေတယ်။သားရဲ့စီမံကိန်းကို boss ကလက်ခံတယ်။အမှုဆောင်ဒါရိုက်တာ အစည်းအဝေးမှာ တင်ပြပြီး စီစဥ်ပေးမယ်တဲ့။"
မိဘများသည် သား၏ ပျော်ရွှင် ကျေနပ်နေသော
မျက်နှာကြောင့် ဝမ်းသာနေသည်။မိဘတိုင်းသည် မိမိ၏သားသမီး အဆင်ပြေ ချောမွေ့နေသည်ကို မြင်ချင်ကြပေသည်ကိုး။အဆင်မပြေဘူး ဟုကြားသည်နှင့် စိတ်နှလုံး မချမ်းမြေ့ဖွယ် ဖြစ်ရသည်မှာလည်း မိဘတွေပင်ဖြစ်သည်။အလုပ်နှင့်ပတ်သက်သည်များ တရစပ် မနားတမ်းပြောနေသောစကားများကို နားထောင်နေရသည်မှာ ထမင်း
စားချိန် တွင်လည်းမရပ်ပေ။ထိုသို့ပြောရာတွင် သူ၏
boss အကြောင်းများ ပိုများနေသည်။"မာမီ သူက အရမ်းတော်တာ ၊ ငယ်လည်းငယ်သေးတယ်။ဝန်ထမ်း တစ်ဦးချင်းစီကိုလည်း အဆင်ပြေအောင်လုပ်ပေးတယ်။သားကိုလည်း အရမ်းဂရုစိုက်တာ ဟဲဟဲ။"
"အင်းပါ သားရယ် ၊ သားကလည်း လူတော်လေးနော်။"
"ဟီး...ဒါကတော့ မာမီ့သားလေ။"
"သွားအိပ်တော့ သား။"
"ဟုတ် ဂွတ်ဒ်နိုက် မာမီ။"
ဖုန်းမှမက်ဆေချ့် ဝင်လာသံကြား၍ ယူကြည့်မိသည်။သည်အချိန်ကြီး ဘယ်သူများပါလိမ့် ဟုလည်းစိတ်ထဲတွေးနေမိသည်။မက်ဆေချ့်မှာ မထင်မှတ်ထားသော လူတစ်ယောက် ဆီမှဖြစ်နေသည်။

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiction généraleမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...