~~~19~~~

444 57 0
                                    

မနက်ခင်းေနရောင်တိုင်းဟာ အရင်လိုမလှပနုိင်ခဲ့ဘူး....အိမ်ရှေ့စံဟာအတွေ့လည်းမခံဘူး...သွားရှာတုိင်း ရှိမနေဘူး....စောင့်နေခဲ့ရင် ပြန်မလာဘူး....ဒီလုိနဲ့ တစ်ပတ်ဆုိတဲ့အချိန်အတွင်း....ဒီလုိကုန်ဆုံးခဲ့တာ နေထွက်ချိန် လထွက်ချိိ်န်တောင်မုန်းနေမိပြီ....

"စည်တီးသံ ကြားလုိက်သလိုပဲ...."
မင်္ဂလာအခမ်းအနားရှိလို့ တီးတဲ့စည်ဟာ တိုင်းပြည်တစ်ခွင်ပျံ့လွင့်လာလေတော့....သိချင်စိတ်ရယ်က အတောမသတ်နိုင်...

"Hoseok ah...နန်းတော်မှာဘာပွဲရှိလို့လဲ...မင်းကြီးလက်ထပ်ပွဲလား..."

"ဟမ်...မဖြစ်နိုင်ပါဘူး...သွားစုံစမ်းလိုက်ဦးမယ်...."

"မသွားနဲ့တော့...ခဏနေမှအပျိုတော်တွေကိုမေးရမယ်...."

"ဒီမနက် ဘယ်သူမှမလာသေးဘူး သခင်လေးရဲ့....သွားကြည့်လိုက်ပါ့မယ် ခဏလေးပဲစောင့်...."

"အင်း...."
အတော်လေးကြာသွားတယ် ကျွန်တော်လည်း အခန်းထဲပြင်ဆင်ပြီးတော့ ဟိုလျှောက်ဒီလျှောက်နဲ့ စောင့်နေခဲ့တယ် စိတ်အစုံကလည်း jeonဆီမှာပေါ့....

ပြန်လာလေတော့...hoseokမျက်နှာဟာ ညိုးနွမ်းနေတယ်...အခန်းထဲရောက်ပြီဆိုတာနဲ့ စိတ်ပျက်လက်ပျက်ခုံမှာ ငိုင်တိုင်တိုင်နဲ့ထိုင်နေလေရဲ့....

"ဘာဖြစ်နေတာလဲ....ဘာသတင်းကြားလို့လဲ....မင်းကုိမင်းကြီးက လင်ပေးစားလိုက်လို့လား...."

"ငါ့ကိုလင်ပေးစားတာမဟုတ်ဘူး..
အိမ်ရှေ့စံ.....အိမ်ရှေ့စံ..."ဆိုပြီး စကားကရပ်သွားလေတော့ စိုးရိမ်ပူပန်မူတေွဟာ တဟုန်ထိုးရောက်လာလေတယ်....မဟုတ်တဲ့အတွေးတေွကလည်း ရေရေရာရာမရှိ ဝင်ချည်ထွက်ချည်ရယ်....

"မဟုတ်မှ....မဟုတ်မှ...."
စဥ်းစားရင်တောင် ရူးချင်သွားတဲ့ အတွေးတေွပါ

"Jimin..!!!!....ဒုက္ခပါပဲ..."
ကျွန်တော်စုံစမ်းဖို့ သွားလေတော့ ခြိမ့်ခြိမ့်သဲကျင်းပနေတာ မင်္ဂလာအခမ်းအနား တခြားသူမဟုတ်ဘူး...အိမ်ရှေ့စံနဲ့အိမ်ရှေ့စံမိဖုရားရဲ့ မင်္ဂလာအခမ်းအနားကျင်းပနေကြတာ....ဒီပွဲကိုဖိတ်ကြားခြင်းမခံရတာဟာ jiminနဲ့ကျွန်တော်ပဲရှိမည်ထင်တယ်....လူအားလုံးဟာလည်း ပျော်ရွှင်လို့ ပွဲတက်နေတာ ပျော်စရာတော့ကောင်းလှပါတယ်...သို့ပေမယ့် မပျော်နိုင်သူက အိမ်ရှေ့စံ ဟန်ဆောင်ပန်ဆောင်တောင်မရီနိုင်ဘူး....ဘေးကမိန်းကလေးကတော့...ကံအကောင်းဆုံးမိန်းမပါလို့ တံဆိပ်ရုိက်နှိပ်ထားရမယ့်သူမျိုး အိမ်ရှေ့စံကိုရသည်ကိုး....

မောင့်မူပိုင်သမားတော်💘Where stories live. Discover now