"Hyung....."
"လာလေ jiminလေး....ဘာဖြစ်လုိ့လဲ..."
"ဟုိ...hoseokကုိမတွေ့လို့...ဘယ်သွားတာလဲ hyung.."
"Hoseokက မြို့ထဲစျေးရောင်းသွားတယ်ေလ....ညနေပြန်လာမှာပေါ့..."
"ညနေမှလား....ဟူး..."
"ဟော...သက်ပြင်းတွေချလို့ပါလား....ဘာဖြစ်လုိ့လဲ...."
အိမ်ပေါက်ဝကနေ မေးခွန်းတွေမေးပြီး အလုိမကျတော့ နူတ်ခမ်းလေးကတဆူဆူနဲ့ ကြက်ပေါက်လေးလုိပဲ...."ဘာဖြစ်လို့လဲ...hoseokကုိ ဘာတွေလုပ်ခိုင်းမလို့လဲ...jiminလေးရဲ့..."
"မခိုင်းပါဘူး....ပျင်းလုိ့....hyung...hyung..."
ပြောနေရင်း ပြေးလာတဲ့ကလေးငယ်ဟာ အတိတ်တွေတုန်းက ဘယ်လောက်တောင်နာကျင်ခဲ့လဲ လက်ကောက်ဝတ်ကဒဏ်ရာလေးသက်သေပဲပေါ့...
"ပျင်းလုိ့ဆုိပြိီး hyungကုိ ဘာတွေချွဲဦးမလို့လဲ...ပြောပါဦး.."
"Hyungကလည်း ဒီညီလေးတစ်ယောက်ထဲရှိတာကို....ဘာလို့လဲ..ငြုိငြင်နေပြီလား hyungနော်....."ဆုိပြီး နူတ်ခမ်းလေးဆူ စိတ်ဆိုးပြတော့ ချော့ရပြန်တာပေါ့...
"အမယ်လေး မဟုတ်ရပါဘူးဗျာ...စိတ်မဆုိးနဲ့....hyungနဲ့ဝိုင်းကူလာ....ညကျရင်ပြောင်းဖူးပြုတ်ကျွေးမယ်လေနော်..."
အစားအကြောင်းပြောလိုက်တာနဲ့ မျက်လုံးလေးတွေလက်လုိ့ အရောင်ပြောင်းလာတာ သိပ်ချစ်ဖို့ကောင်းတယ်..."တကယ်နော်....ဝိုင်းလုပ်ပေးမယ်...ညကျပြုတ်မကျွေးလို့ကတော့ ဝက်တွေအကုန်ပြောင်းခင်းထဲလွှတ်လိုက္မှာ...."
"မလုပ်ပါနဲ့ စီးပွားပျက်ပြီး ထမင်းငတ်အောင်....မလွှတ်လိုက်ပါနဲ့ ကျွန်တော်မျိုးပြုတ်ကျွေးပါ့မယ်.."
"ခ်ခ်...ဟီး....အဲ့ဒါကြောင့်hyungကုိချစ်ရတာ...မွ....ဟီး...ခ်ခ်..."
"ဟုတ်ပါပြီ....ဝိုင်းလုပ်ပေး..."
ရယ်လိုက်ရင်မှိတ်ကျသွားတဲ့မျက်လုံးလေးတွေဟာ အရင်ကသိပ်ပင်ပန်းခဲ့မှာ အခုတော့ဒီဘဝမှာပဲ ပျော်ပျော်နေပါညီလေးရယ်....ပြုံးနေတယ်မျက္နှာလေးကုိကြည့်ရင်း စတွေ့တုန်းကအချိန်ကိုသတိရမိတယ်.....အဲ့တုန်းကဆိုရင်...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...