ကျား....ကျား...ဆိုတဲ့မြင်းနှင်သံအတူ ဆင်ခြေဖုံးရပ်ကွက်ထဲဝင်လာလေတဲ့ ပိုးသားဝတ်ရုံကိုဆင်မြန်းထားတဲ့ အိမ်ရှေ့စံ....
မြင်တဲ့သူတိုင်းက တအံ့တသြပေါ့...
ပိုးသားဝတ်ရုံနဲ့ တန်ဖိုးကြီးမြင်းဟာ သာမာန်လူမဟုတ်မှန်း သိသာစေတဲ့အချက်...အိမ်ကိုရောက်ဖို့သာ ဆန္ဒစောနေခဲ့တာ ဘေးဘီကြည့်ဖို့မေ့နေလေရဲ့....မြင်ချင်ခဲ့တဲ့မျက်နှာလေးမြင်ရဖို့....ကြားနေခဲ့တဲ့အသံလေးကြားရဖို့....စိတ်ကလောနေတာ...သူတစ်နှစ်ပတ်လုံးဒီလူသားတဲ့မရှိတဲ့နန်းတော်ကြီးမှာ အထီးကျန်နေခဲ့တာ....လွမ်းနေခဲ့တာ...တမ်းတနေခဲ့တာ...သူနှလုံးသားကအသိဆုံးပဲလေ....ပြန်တွေ့ခဲ့ရင် မထိခိုက်မနာကျင်စေဖို့ သူ့ကိုယ်သူကတိတွေလည်း အထပ်ထပ်ပေးခဲ့သေးတယ်....သူကာကွယ်ရမယ့်သူပါလို့ ဖန်ဆင်းပေးထားတဲ့လူသားလေးကို ဘာတွေပဲဖြစ်လာဖြစ်လာ သူ့အသက်နဲ့ရင်းကာ ကာကွယ်ဖို့ဆုံးဖြတ်ချက်ချထားပြီးပြီမို့...အဲ့ဒီဆုံးဖြတ်ချက်လေးကို အသိပေးဖို့ သူရောက်လာခဲ့တာ...
မြင်းကိုအကြမ်းနှင်ကာ ချစ်ရသူသာမျက်လုံးထဲမြင်ယောင်ပြီးလာခဲ့တာမို့...ဘယ်သူဘယ်ဝါကိုမှ အာရုံထဲထည့်မထားခဲ့....
ရုတ်တရက်ဆိုသလို ဝင်တိက်ုမိတဲ့ကောင်လေးကိုတောင် လှည့်မကြည့်နိုင်ခဲ့..."Hoseok ah...ငါ့ကိုအလုပ်တွေမခိုင်းနဲ့နော်....ငါမလုပ်နိုင်ဘူး...နော်...နော်...နော်....နော်လို့...."
"အေးပါကွာ...တိတ်တိတ်လေးလိုက်ရင်မခိုင်းဘူးကွာ...ဟုတ်ပြီလား..."
"ပြီးရော....ဟီး..."
ကျား...
"အ့..."
ရုတ်တရက်အရှိန်နဲ့ဝင်လာတဲ့မြင်းကြောင့် လူကလန့်ပြီးထရက်သားလဲသွားခဲ့တယ်..."Jiminရလား...ထ..ထ..."
မြင်းကိုဘယ်လိုစီးနေတာလဲကွာ...."အင်း...ရတယ်..."
လူတောင်မမြင်နိုင်အောင် ဘာတွေလောနေလဲမသိဘူး....အထက်တန်းလွှာကလူတွေ ကောင်းကိုမကောင်းဘူးကျား..
"သွားမယ်...လာ...ဒီဘက်ကလျှောက်jimin...ဒီ...."
ကျွန်တော်အမြင်များမှားသလား...hyungကိုမြင်လိုက်တယ်.....ဒါဆိုရှေ့ကjiminကိုတိုက်သွားတာ အိမ်ရှေ့စံလား....မဖြစ်ဘူး....တွေ့သွားလို့မရဘူး....
أنت تقرأ
မောင့်မူပိုင်သမားတော်💘
أدب الهواةမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...