"Hyung...မြန်မြန်လာလေ....နှေးလိုက်တာ....မြန်မြန်..."
"ဖြေးဖြေးသွားလေ....မပြေးနဲ့လဲမယ်..."
ဒီကလေးနဲ့တော့ ခက်တယ်...ပြေးလွှားနေတာ သုံးနှစ်သားလေးကျနေရောပဲ"Hyung....မောလိုက်တာ...."
"ပြေးတာကို မောမှပေါ့...ရော့....ရေသောက်..."
ကျွန်တော်သိတယ်လေ....သူပြေးလွှားပြီးရင် မောလို့ရေဆာမှာကြိုသိနေလို့ သူ့အတွက်ရေတစ်ဗူး....ပြန်လာမယ့်hoseokအတွက်တစ်ဗူး....ဆောင်လာရတယ်..."ဟဲ.....hyungကအကောင်းဆုံးပဲ...."
"ဟုတ်ပါပြီဗျာ...ငြိမ်ငြိမ်လေးထိုင်စောင့်နော်...hyung...ဟိုဘက်ခဏသွားလိုက်ဦးမယ်....."
"ဟုတ်...."
"Hoseok ကလည်းကြာလိုက်တာ....ပြန်တာကိုနောက်ကျနေတယ်...ဟွန့်..."
စောင့်နေရင်းနဲ့ နူတ်ခမ်းကလည်းထော်နေလိုက်တာ ဘဲပေါက်လေးနဲ့တူနေရော....ဘယ်သူကများအကြည့်လွှဲနိုင်မလဲ နူတ်ခမ်းလေးတထော်ေထာ်နဲ့ နှင်းဆီးရောင်နူတ်ခမ်းဖူးဖူးလေးကလည်း ပွစိပွစိကလည်းပြောနေသေးတာ....မြင်နဲ့ပတ်ဝန်းကျင်က သဘာဝတရားတောင် ကောင်လေးရဲ့အလှမှာ နစ်မျောပြီးသူတို့ကိုယ်တိုင် တောက်ပဖို့ကိုမေ့နေကြလောက်ပြီ....
မြို့ထဲ၌....
"ပစ္စည်းတွေလည်း ကုန်ပြီဆိုတော့ ပြန်လိုက်ဦးမယ် ကြီးကြီးရေ..."
စျေးအတူရောင်းနေတဲ့ အဒေါ်ကြီးတစ်ယောက်ကို နူတ်ဆက်နေတဲ့ hoseok....
"လူလေးတောင် ကုန်ပြီပဲ ပြန်တော့လေ...နောက်ကျနေဦးမယ်..."
"ဟုတ်ကြီးကြီး....သားပြန်ပြီနော်...."
"အေးအေး....ဂရုစိုက်ပြန်ဦး..."
"ဟုတ်ကဲ့ကြီးကြီး..."
စျေးရောင်းပြီးလို့ ပစ္စည်းတွေအကုန်သိမ်း...အိမ်အတွက်လိုအပ်တာလေးတွေဝယ်ကာ..jiminအတွက်မုန့်တွေဝယ် အဝတ်အစားတွေဝယ်....jniအတွက်လိုအပ်တာလေးတွေ ဝယ်ပြီးတာနဲ့ ပစ္စည်းတွေဆွဲရင်း တစ်ယောက်ထဲလမ်းလျှောက်ပြန်လာခဲ့တော့တယ်....
လမ်းတစ်လျှောက်လုံးလည်း...
"ဒီမုန့်တွေက jiminအကြိုက်တွေပဲ...ဒီအင်္ကျီကလည်း jiminနဲ့ဆိုလိုက်မှာ..."
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...