~~~20~~~

495 58 4
                                    

အခမ်းအနားက ပြန်ရောက်တာနဲ့ ဒေါသတွေ နာကျင်မူတွေဟာ အလုံးအရင်းဝင်ရောက်လာလေတော့ အော်သံတွေဟာ အခန်းအတွင်းကျယ်ပျံ့လာပြီး မြင်မြင်သမျှပစ္စည်းတုိင်း ဒေါသကုိဆွနေသလိုပင်...ပြန်တွေးတုိင်းမြင်ယောင်နေတဲ့ Jeonရဲ့မျက်နှာဟာ လုပ်ရက်လေသလားလုိ့ မေးဖို့ရာအင်အားမရှိတော့ပြီ....မနေချင်ဘူးပြန်မယ်အော်တဲ့အခါ ကုိယ့်မေ့ခဲ့တာ ပြန်စရာအိမ်ဟာမရှိတော့ဘူးလေ အပြီးတုိင်ထွက်လာပြီမို့် စဥ်းစား၍မရလေတဲ့အဆုံး ထွက်သွားဖို့ပဲတွေးခဲ့မိတယ် အဝေးတစ်နေရာကုိပေါ့ ဒါပေမယ့်jeonသတင်းတွေကြားရတဲ့အခါ လွမ်းဖျားလွမ်းနာကျရဦးမှာ မဖြစ်ဘူး...နန်းတော်ကြီးထဲမှာ ငါအသက္မရှင်ချင်တော့ ချစ်ရသူက အခြားလက်ကိုဆုပ်ကိုင်ထားတဲ့အချိန် ဘယ်လုိရပ်တည်ရမလဲ ရူးသွားလိမ့် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တာကြောင့်် ပစ္စည်းတွေကုိတွန်းတိုက်ကာ အလင်းရောင်ကုိပါ မှောင်မိုက်စေလုိက်တယ် ဓားအိ်မ်လှလှလေးနဲ့သွန်းထားတဲ့ဓားလေး လက်ဆောင်ပေးဖို့ ကုိယ်တိုင်ရေးဆွဲခဲ့တဲ့ အမှတ်တရလေးဟာ ပိုင်ရှင်ဆီတောင် မရောက်သေးတာမို့ ကုိယ်နဲ့အတူတမလွန်ကိုပဲ ခေါ်သွားဖို့ဆုံးဖြတ်လုိက်တယ်.....

"Jimin "ဆုိတဲ့ခေါ်သံလေးကြားသေးတယ် jeonများဖြစ်နေမလားလုိ့ အမှောင်ထဲကနေ နားစွင့်ထားခဲ့တာ...မဟုတ်ခဲ့ဘူး hoseokဖြစ်နေခဲ့တာ....နောက်ဆုံးအချိန်ထိ အတွေးထဲနေရာယူထားသူက ရက်စက်သူကြီး အိမ်ရှေ့စံjeon....

"Hoseok ah...."

"ဘာလာလုပ်တာလဲ ဦးရီးတော် ...မသင့်တော်ပါဘူးပြန်ပါ..."
ကျွန်တော်သူငယ်ချင်းရဲ့အဖြစ်အတွက် ချစ်ရသူကုိလည်း နာကျင်မိတယ် သိသိရက်နဲ့ဝိုင်းနှိပ်စက်ခဲ့တာ...
Jiminသတိမေ့နေခဲ့တာ သုံးရက်လောက်ရှိပြီ မခုထိလည်းသတိမရသေးဘူး....တော်သေးတယ် သမားတော်အရောက်္မြန်လုိ့ မဟုတ်ရင်အသက်ဆုံးရှုံးနိုင်တဲ့တယ်ေလ ဖြစ်ကြည့်ပါလား jiminသေသွားခဲ့သည်ရှိသော် အိမ်ရှေ့စံကိုသတ်ပြီး jiminနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးသားပါ...အဲ့ဒီနေ့က အိမ်ရှေ့စံရောက်လာပေမယ့် ကျွန်တော်ပေးမဝင်ခဲ့ဘူး...မတွေ့စေချင်ဘူး သူကြောင့်ဖြစ်ရတယ် ပုံစံမျိုးကုိ jiminလည်းမတွေ့စေချင်လောက်တာမို့ တွေ့လုိ့မရသေးဘူး အမြဲငြင်းလွှတ်ခဲ့တယ်...အိမ်ရှေ့စံရဲ့မျက်လုံးတွေကုိ ယုံကြည်ခဲ့ဖူးတယ် ဒီလုိလုပ်ရက်လိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးဘူး....ဒါပေမယ့် ကျွန်တော်ဆောက်တည်ရမရနဲ့ ဝမ်းနည်းနေတယ်အချိန် နှစ်သိမ့်ပေးတဲ့လူဟာ ကုိယ့်ကိုစနောက်လုိ့ ကြည့်မရခဲ့တဲ့လူ....ဒါပေမယ့်သူကပဲ နှစ်သိမ့်ပေးတယ် ဘေးကကူညီပေးတယ်...ကျေးဇူးတင်ရမယ့်လူပါ....ထွက်္မသွားခင်သေချာပေါက် ကျေးဇူးတင်ကာ နူတ်ဆက်သွားပါ့မယ်.....
အဲ့ညကတာ ...

မောင့်မူပိုင်သမားတော်💘Where stories live. Discover now