^Ending^

1K 91 7
                                    

ဝုန်း.....ဝုန်း....
ဒီတစ်ခါတော့ ဆိုးခြင်းထက် ကောင်းခြင်းတွေလာဖို့ပဲ ဆုတောင်းပါရစေ.....

မျက်လုံးစုံမှိတ်ကာ မီးရဲရဲတောက်နေတဲ့သံပြား...ခန္ဓာကိုယ်ကိုထိုးနှက်လာတဲ့အခါ...ခံနိုင်ရည်ရှိဖို့....လက်သီးတင်းတင်းဆုပ်ကာ....ကူကယ်ရာကိုဆုတောင်းပြုနေတဲ့အချိန်....ဝုန်းဆိုတဲ့.....တံခါးဟာကယ်သူဖြစ်ဖို့...ရင်ထဲမှာအကြိမ်ကြိမ်ဆုတောင်းပြီးသား......မှိတ်ထားတဲ့မျက်လုံးအစုံကို ပွင့်စေခဲ့တဲ့သူဟာ မျက်ရည်တွေကိုတောင် နာကျင်စရာအဖြစ်မြင်ခဲ့ရဖူးတဲ့သူ.....မျက်လုံးဖွင့်လိုက်တဲ့အခါ...သူ့ရဲ့မျက်နှာဟာ ကယ်ဆယ်ခြင်းနတ်ဘုရားလို ကိုယ်ရောင်ကိုယ်ဝါလိုတောက်ပနေတာ....

"Jimin.."...တဲ့....
သူနူတ်ဖျားကိုယ့်နာမည်ခေါ်ခံလိုက်ရတဲ့အချိန် ဝိုးတိုးဝါးတားနဲ့ အမြင်အာရုံထဲပေါ်လာတဲ့ မျက်လုံးဝိုင်းလေး....

"သူ့ကိုမလာစေနဲ့....တားထားလိုက်...ချူဆော့....သူ့ကိုကြိုးဖြည်ပြီးခေါ်လာခဲ့...."

"ဒီနေ့jiminကိုတစ်ခုခုလုပ်လိုက်တာနဲ့ ..ဦးရီးတော် ခင်များရဲ့အကြွေးတွေအားလုံး...ဒီနေ့အကုန်တောင်းမယ်ဆိုတာ မှတ်ထား..."တဲ့လေ
အိမ်ရှေ့စံကို တားထားတဲ့လူအုပ်ကိုတောင် အာရုံမစိုက်နိုင်လောက်အောင် သူစိုးရိမ်နေတာ ကျွန်တော့်ကိုတဲ့လား.....

"အပိုမပြောနဲ့ အိမ်ရှေ့စံ....နောက်ကလိုက်ခဲ့ပေါ့....မင်းရောက်တာနဲ့သူသေတာနဲ့ကွက်တိပဲပေါ့.....ဟား...ဟား....ဟား...."

"လူယုတ်မာ!!!!ခင်များလူယုတ်မာ!!!!..jimin....ကိုယ်တော်မင်းကိုကယ်မယ်....jimin..!!!!"
ခေါ်သွားပြန်ပြီ..ဒီလူယုတ်မာက...

ကိုယ်တော်နဲ့yoongi huyngတို့ တောစပ်ကဂိုထောင်ထဲ အပြေးနှင်လာခဲ့တော့....ဂိုထောင်အပြင်က သစ်ပင်မှာကြိုးတုတ်ခံထားရတာ jiminရဲ့ကိုယ်ရံတော်နဲ့ အစ်ကိုဆိုသူ.....

ဂိုထောင်ထဲအပြေးတစ်ပိုင်းဝင်လာမိတော့....လက်သေးသေးလေးတွေဟာ ကြိုးချည်ကာတန်းလန်းဆွဲထားတာ နာနေမှာပဲ....နာကျင်မိတယ်....သူ့ရဲ့ဆံနွယ်တစ်ချောင်းလေးတောင် နာကျင်စရာတွေမပးချင်တော့ပါဘူး....ခြေထောက်အစုံမှာလည်းကြိုးတုတ်လို့....မီးသံပြားပူပူကို ရင်ဆိုင်နိုင်ဖို့...မျက်လုံးမှိတ်ကာ လက်သီးလေးဆုပ်ရင်း...အားတင်းနေတာမြင်ရတော့....လူပင်ပြိုလဲချင်သွားတယ်....

မောင့်မူပိုင်သမားတော်💘Where stories live. Discover now