အတိတ်ဆိုတာ မှတ်ဉာဏ်တစ်ခုသက်သက်မှမဟုတ်တာ....ကိုယ့်စလျှောက်ခဲ့တဲ့လမ်းတဲ့ အစဖြစ်တဲ့နေရာ....အဆုံးသတ်ထိသွားဖို့....အတိတ်ဆိုတာကို အရင်ဖြတ်ကျော်ရဦးမှာ.....အတိတ်ကမရိုးရှင်းဘူး....မလှပဘူးဆိုရင်တောင်...ကိုယ်တိုင်ပြုလုပ်ခဲ့တာမို့...လက်ခံရမယ့်အရာပဲ....
နေစောင်းလို့အိမ်ပြန်ရောက်ခဲ့တာတောင် မျက်လုံးထဲကမထွက်သေးတဲ့သူ့မျက်ရည်တွေ....နာကျင်လိုက်တာ....ဘာကြောင့်မှန်းလဲမသိဘူး....သူ့ကိုလဲမသိဘဲနဲ့လေ...ဘာကြောင်လဲ....
"ဟူး....သူဘာလို့ငိုတာလဲ...."
ဦးနှောက်ကမေ့နေပေမယ့် နှလုံးကမိုက်မဲစွာ သတ်သေပစ်ရလောက်တဲ့အထိ ချစ်ခဲ့ရသူကိုမှတ်မိနေတုန်း....
ရူးရအောင်ချစ်ရတဲ့နှလုံးသားက အကြိမ်ကြိမ်နာကျင်တာတောင် ဒီလူသားကိုတပ်မက်နေတုန်း...
လိုချင်မူအားလုံးနဲ့ တောင်းဆုအားလုံးဟာ ဘဝအဆက်ဆက်အိမ်ရှေ့စံပဲဖြစ်တာမို့....နာကျင်မဲ့လမ်းကိုပဲ....နာကျင်စွာရွေးပါရစေ....
သူ့ကိုယ်သူနားမလည်နိုင်တဲ့သခင်လေးတစ်ယောက်တော့....ပြတင်းပေါက်ကလှမ်းမြင်နေရတဲ့.....ညဘက်ကောင်းကင်ကျယ်ကြီးဆီက ကြယ်လေးတွေကိုရေတွက်ရင်းတွေးတောကာ ညည့်နက်ခဲ့တော့တယ်....
တစ်မိုးအောက်ကောင်းကင်ကြီးအောက် အသက်ရူတာချင်းတူပြီး....ခံစားရတာလည်းတူနေတဲ့ ဆင်ခြေဖုံးကသခင်လေးနဲ့ ကြီးမားခမ်းနားလွန်းတဲ့ နန်းတော်ကြီးကအိမ်ရှေ့စံ....
အိမ်ရှေ့စံကတော့...အတွေးထဲနစ်နေတာထက် မျက်လုံးဝိုင်းထဲမှာ ကြယ်လိုတောက်ပတဲ့ မျက်ရည်တွေကနေရာယူလို့ပေါ့...သူ့ရဲ့အရင်ကနာကျင်ရခြင်း အိပ်မက်ဆိုးတွေက သခင်လေးလက်နဲ့ထိတွေ့လိုက်တိုင်းပျောက်ကွယ်သွားစေတဲ့သမားတော်လေးဟာ....အခုလက်ရှိသူ့အိပ်မက်ထဲက နာကျင်ရခြင်းအကြောင်းအရင်းဖြစ့နေခဲ့တဲ့...
အရာအားလုံးစွန့်လွှတ်ပြီး...ကိုယ့်ဆီထွက်လာခဲ့တာကို ပစ်ထားမိတယ်...ကိုယ့်ကမင်းလေးရဲ့အတိတ်ဆိုးပဲ...💔
တစ်ကြိမ်မကသော နာကျင်မူတွေကိုပဲ ကိုယ်ပေးခဲ့မိတယ်....💔
သတ်သေဖို့အထိ ရက်စက်စွာရွေးချယ်ခဲ့တာကလည်း...ကိုယ့်ကြောင့်မို့....မင်းမျက်နှာလေးမြင်တိုင်း...ကိုယ်ဟာအရူးဖြစ်ရတယ်...💔
VOCÊ ESTÁ LENDO
မောင့်မူပိုင်သမားတော်💘
Fanficမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...