~~~25~~~

523 62 7
                                    

"ကဲ...ညနေစာအတွက် သွားလုပ်လိုက်ဦးမယ်....hoseokရေချိုးထားနော်..."

"ဟုတ်ကဲ့ပါ...hyungရဲ့"
နှစ်ယောက်သားပြိုင်တူပြောလိုက်ကြတော့တယ်...

"Jimin...မင်းအတွက် အဝတ်အစားနဲ့မုန့်တွေဝယ်လာတယ်....ရော့...ဒီမှာ..."

"ဝိုး....လှတယ်...ခရမ်းရောင်လေး...ငါကြိုက်တယ်...အင်း....မုန့်ကလည်းစားကောင်းတယ်..."

"မင်းကြိုက်ရင်ပြီးတာပဲ..."

"ငါ့ဘဝမှာလေ...မင်းနဲ့hyungကအကောင်းဆုံးပဲ..."ဆိုကာ လက်မလေးနှစ်ဖက်ထောင်ကာ မျက်လုံးလေးတွေမှိတ်တဲ့အထိ ပြုံးနေသေးတာ....တကယ်ကိုဖြူစင်တယ် ကြွေရုပ်လေးပါ....ဘာအစင်းရာမှ ဘာအနာအဆာမှမရှိခဲ့ရင် အလှဆုံးကြွေရုပ်လေးဖြစ်နေမှာ....မင်းရဲ့အတိတ်ကဒဏ်ရာဟာ အတွင်းပိုင်းမှာမို့ မသိသာတာပါ....သူများတွေကမင်းကိုမြင်ရင် သိပ်အေးချမ်းတာတဲ့ ပူလောင်မူတွေခေါ်ဆောင်လာမယ့်....မင်းရဲ့ချစ်ခြင်းတရားကြီး အပိုင်တိုင်ပေါ်မလာစေဖို့ ငါဆုတောင်းရမှာပဲ....

"Hoseok....hoseok ah..."

"ဟမ်...ဘာ...ဘာလဲjimin..."
ကျွန်တော်အစိုးရိမ်လွန်ပြီး....အတွေးထဲနစ်နေပြန်ပြီ

"ဘာတွေတွေးနေတာလဲ....ငါခေါ်တာတောင်မကြားဘူး..."

"မဟုတ်ပါဘူး...ငါပစ္စည်းစာရင်းပြန်စဥ်းစားနေတာပါ..."

"ပြီးမှစဥ်းစား အခုရေသွားချိုးတော့....တော်ကြာနေ....မီးဖိုချောင်ထဲက အဒေါ်ကြီးကဆူဦးမယ်...."

"မင်းပြောတာနော်....jin hyung....hyungရေ....hyungကိုအဒေါ်ကြီးလို့ပြောနေတယ်...."

"မင်းနော်...သွားကွာ....ကြားသွားရင်ငါဆူခံရဦးမယ်....သွားရေသွားချိုး..."

"ဟားးး.. .ဟား...ကြောက်တယ်ပေါ့....ဟားးးးးး ဟားဟား.. ..."

"သွားကွာ...ရယ်မနေနဲ့..သွား...သွား...."

"အေးပါ...သွားပြီ...hyungကိုကူလုပ်လိုက်ဦးနော်..."

"အေး...သွားတော့...ဟွန့်..."

တကယ်တလေကျတော့လည်း အရင်ကရခဲ့တဲ့သခင်လေးနဲ့ကိုယ်ရံတော်ဆိုတဲ့ ဘဝကိုမုန်းမိတယ်....အရင်ထဲကသာ ကျွန်တော်တို့သုံးယောက်ဟာ ညီအစ်ကိုအရင်းဖြစ်ခဲ့ရင် အေးချမ်းတဲ့ဘဝလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမှာ...အခုတော့သူရဲ့အတိတ်တွေကြားမှာ ပူလောင်ခဲ့ရတာသူရောကိုယ်ပါ လောင်မြိုက်ခံခဲ့ရတာ....ကျွတ်လွတ်ဖို့ထွက်ပြေးခဲ့ပေမယ့် တစ်နေ့သူတို့နှစ်ယောက်ကိုမဆုံစေဖို့ လောကရဲ့အုပ်ချုပ်သူကိုပဲ တိုင်တည်ဆုတောင်းမိတယ်....ထိပ်တိုက်တွေ့ခဲ့ရင်တောင် လမ်းလွဲပါစေဆိုတဲ့ ဆုတောင်းမျိုးပေါ့.....

မောင့်မူပိုင်သမားတော်💘Où les histoires vivent. Découvrez maintenant