"Jimin ah....သမားတော်လေး..
မောင့်jimin..."ခုတင်ပေါ်ကနေ မုန်ရှေ့ခေါင်းဖီးကာ အလှပြင်နေတဲ့ချစ်ရသူလေးကို ခေါ်သာခေါ်နေတာ ပြန်ထူးမလာ....
"ဘာလဲ မောင့်ကိုပြန်တောင်မထူးဘူးလား...."
"ရော့...ခေါင်းဖီးပေး..."တဲ့လေ..ဘီးကိုကမ်းပေးပြီး.ဆံသခိုင်းနေတဲ့ အသည်းအသက်လေး...
"အင်း....ဘယ်သွားမလို့လဲ ဒီလောက်ပြင်နေတာ...."
"Hyungတို့ဆီကိုလေ..."
"အင်းပါ...."
Jin hyungက မိဘအိမ်ကပြန်ခေါ်တာကြောင့် ပြန်ရောက်ခဲ့ပြီ...ဒါပေမယ့်...သူတို့ညီအစ်ကုိသုံးယောက်က ကျေးလက်ဒေသကအိမ်လေးကို မစွန့်ခွာနိုင်ဘူးလေ...Jin hyungက Kimအိမ်တော်ထက် ကျေးလက်ဒေသအိမ်လေးကို ရွေးချယ်ခဲ့တာမို့....အဲ့ဒီအိမ်လေးမှာပဲ Hoseokနဲ့ဆက်နေတယ်...jiminကတော့ကိုယ်တော်နဲ့ပေါ့...အခုတော့ကိုယ်တော်ပါ သူလေးသွားရာလိုက်ရတော့မယ်....
"ဖီးလေ မြန်မြန်...အဝတ်အစားတွေထည့်ရဦးမယ်...."
"ပြီးပြီ....ပြီးပြီ...မောင်ပဲလုပ်လိုက်ပါ့မယ် မင်းလေးပြင်ဆင်ထား ဟုတ်ပြီလား...မွ...."
"အင်း...."
ကျွန်တော်ကjeonကုိ နန်းတော်မှာမနေစေချင်ဘူး...အန္တရာယ်များလွန်းတယ်...အတိုက်အခိုက်တွေလည်းပေါလွန်းတယ်.....အေးအေးချမ်းချမ်းလေးပဲဘဝကို နှစ်ယောက်ထဲဖြတ်သန်းချင်ခဲ့တယ် အိမ်ရှေ့စံဆုိတဲ့ဂုဏ်ပုဒ်၊ကြင်ရာတော်ဆိုတဲ့ဂုဏ်ပုဒ်တွေ မရှိတဲ့ဘဝလေးမှာပေါ့...."သွားမယ် မောင့်သမားတော်လေး..."
"မင်းကြီးကို သွားနူတ်ဆက်ဦးမလား..."
"အင်း..လာ...မောင်နဲ့အတူသွားမယ်..."
မင်းကြီိးနန်းဆောင်ဆီ ချစ်ရသူလက်ကိုဆွဲကာ ခေါင်းမော့ရင်ကော့ကာ လောကကြီးကိုအနိုင်ရသွားတဲ့စစ်သူကြီးလိုပုံစံမျိုးနဲ့ အိမ်ရှေ့စံ....
အိမ်ရှေ့စံလက်ကိုတင်းတင်းဆုပ်ကာ တချိန်ကအနောက်နိုင်ငံပညာရှိအမတ်ရဲ့သားတော်ဟာ အခုလက်ရှိမှာ အိမ်ရှေ့စံကြင်ယာတော်....ဘယ်သူသိနိုင်မလဲ လောကကြီးက ကျားကွက်ထိုးသလိုပဲ လှည့်ကွက်တွေအပြည့်နဲ့ အနိမ့်အမြင့်အတက်အကျတိုင်းကို သူတို့နှစ်ဦးလုံး ခါးစီးခံစားခဲ့ရတယ်....သခင်လေးဆိုတဲ့ဘဝနဲ့ jiminဆိုတဲ့ ကျေးလက်ရွာလေးက ညီအစ်ကိုသုံးယောက် ဘဝလေးကိုလည်းရခဲ့ဖူးတယ်...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...