နေလုံးကြီးက တစ်စတစ်စနဲ့တက်လာလိုက်တာ ကောင်းကင်အလယ်ဗဟိုတောင် ရောက်တော့မယ်....
"Hoseok...မင်းဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး....တစ်ခုခုဖြစ်လို့လား..."
လဲတာကကိုယ် သူကနာနေသလိုမျက်နှာနဲ့..."ဘာမှမဖြစ်ပါဘူး...မင်းလျှောက်ဆော့မနေနဲ့နော်...ငါအလုပ်လုပ်တော့မယ်...."
ဒီညနေပြန်ရင်တော့ jin hyungကိုပြောပြီး နေရာရွေ့ရမယ်....မဟုတ်ရင်တွေ့သွားနိုင်တယ်....ဟူး...သက်ပြင်းတချချနဲ့ကျွန်တော်သာအလုပ်လုပ်နေတာ သူ့မှာတော့ အလုပ်လာလုပ်တဲ့အဒေါ်ကြီးတွေရဲ့ ကလေးတွေနဲ့ဆော့လို့.....ရယ်သံလေးက စိုက်ခင်းထဲတလွင့်လွင့်.....
"Hoseok....ငါ့ကိုမိတော့မယ်...ကယ်ပါဦး..."
"သွား ဟိုဖက်သွားဆော့....ထိမိခိုက်မိမယ်...."
အခုလိုဆိုတော့လည်း သခငမလေးဘဝကအေးချမ်းလိုက်တာ...."ဟား....ဟား....ဖမ်းမမိဘူးမို့လား....ရအောင်ဖမ်းလေ...ဟား...ဟား...."
"သခင်လေး....ဒီထက်ပိုပြီးပျော်ရွှင်နိုင်အောင် ကျွန်တော်တို့ဒီကသွားမှာဖြစ်မယ်.....သခင်လေးကိုသူတို့နဲဘယ်တော့မှမဆုံစေရဘူး...."
ပြေးလွှားဆော့ကစားနေတဲ့ သူငယ်ချင်းလေးကို ပျော်ရွှင်စေဖို့ နှလုံးသားကိုတောင်စတေးခဲ့တဲ့သူ....နာကျင်မူရန်ကဝေးရအောင် အကြံဉာဏ်ထုတ်လို့ သွေးအလိမ်းလိမ်းကျနေပါစေ...ရအောင်ခိုးထွက်ခဲ့တယ်...သူငယ်ချင်းသာသေသွားခဲ့ရင် သူပါတမလွန်မှာအဖော်ပြုပေးဖို့ ဆုံးဖြတ်ချက်ဟာခိုင်မာခဲ့ပြီးသား.....
သူငယ်ချင်းအပေါ်ထားတဲ့မေတ္တာဟာ ထုတ်မပြခဲ့ပေမယ့် ထုထည်ဟာကြီးမားလွန်းခဲ့တယ်...ခင်တွယ်စရာမိသားစုဆိုတာမရှိထဲသူ့ဘဝထဲ ရောက်လာခဲ့တဲ့သူကာကွယ်ပေးရမယ့်သခင်လေးဟာ တစ်လောကလုံးမှာသူရဲ့အရင်းနှီးဆုံးဆွေမျိုးပဲလေ....
၅၂၈မေတ္တာနဲ့၁၅၀၀မေတ္တာကြားက လွန်ဆွဲပွဲလေးဟာ သခင်လေးအတွက်သုခကြီးပဲတော့ မဖြစ်နိုင်ဘူး...သောကဟာလည်းအချိုးအစားအညီအမျှပါဝင်နေပြီးသား.....သူ့အတိတ်သာသတိရခဲ့ရင် ၁၅၀၀ဟာနာကျင်သေတယ်သူတွေးပါ့လား.....သူချစ်တာက ဘဝတစ်ခုလုံးနဲ့လေ.....
KAMU SEDANG MEMBACA
မောင့်မူပိုင်သမားတော်💘
Fiksi Penggemarမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...