1

5.4K 366 15
                                    

ဆိုလ်းအမျိုးသားတက္ကသိုလ် ။

ကျောင်းဖွင့်ချိန်မို့ ကျောင်းဝန်းကြီးဟာ ၎င်း၏
ရင်သွေးငယ်တွေဖြင့် စိုပြေသက်၀င်နေသည် ။

လေပြေအသော့မှာ စနစ်တကျ စီတန်းနေတဲ့
အပင်အိုတွေကလည်း ခေါင်းညိတ်လည်ခါဖြင့် ။

ရွှေဝါရောင် ရစ်သမ်းနေပြီး မြေခလုလု အရွက်တွေကို သယ်ပိုးထားတဲ့ ကိုင်းခက်တွေက
တေးသီငှက်ကလေးတွေ နားခိုလိုက်တိုင်း
နိမ့်တစ်ခါ မြင့်တလှည့် ။

" jin "

အတန်းချိန်ပြီးပြီမို့ အတန်းထဲမှ ထွက်ရန်
စာအုပ်တွေသိမ်းနေတဲ့ seok jin ကို ပခုံးချင်း
လှမ်းတိုက်ကာ ခေါ်လိုက်သူက jung kook ..

seok jin လှည့်ကြည့်လိုက်တော့ မြင်ပါများလည်း
ရိုးသွားခြင်းမရှိတဲ့ မျက်နှာပိုင်ရှင်ကို တွေ့သည်။

တစ်စုံတစ်ခုကို တစ်စုံတစ်ယောက်နဲ့ ပြောတဲ့အခါ ၊နားထောင်တဲ့အခါ မျက်နှာချင်းဆိုင် ၊ မျက်လုံးချင်း
စုံပြီး အလေးအနက် ပြုမူနေရမှ ကျေနပ်တဲ့ သူက
jung kook ကိုတော့ စေ့စေ့မကြည့်ရဲ ။

ဒါဟာ ကြောက်ရတဲ့ အရာမို့လား ။ မဟုတ်ပါ ။
best friend ဆိုတဲ့ စည်းကို ကျော်ထားခဲ့ပြီးသူ
တစ်ဖက်သတ်သမားတစ်ယောက်ရဲ့ ဒုက္ခများသာ ။

" အင်း "

ခေါင်းငုံ့ချကာ စာအုပ်တွေ သိမ်းရင်းမှ ထူးတော့

" ဟာ .. မင်းကလည်း ငါစကားပြောမလို့ဆို .. ငါ့ကို
ကြည့်ကွာ "

မသိနားမလည်တဲ့ best friend လေးဟာ
ဇိုးဇိုးဇက်ဇက်နိုင်စွာ လှုပ်ရှားနေတဲ့ လက်တွေကို
ဆွဲယူသွားပြီး သူ့ဘက် လှည့်စေသည် ။

ရင်မှာ ခံစားသွားရတာက ငှက်တွေနားတဲ့
သစ်ကိုင်းပမာ နိမ့်တစ်ခါ မြင့်တစ်လှည့် ခံစားချက်မျိုး ။

" ငါပြောမယ် .. ညကျရင် အိမ်မှာ party ရှိတယ် ..မင်းလာခဲ့ "

လှပသည် ။ သေသပ်ကာ ပါးလှပ်သည် ။
အိထွေးကာ နီရဲနေသည့် နှုတ်ခမ်းတွေကို
မျက်၀န်းညိုတွေဖြင့် တွေကနဲ ငေးမိနေရင်းမှ

 Diary Where stories live. Discover now