18

1.9K 292 17
                                    

" Oba .. ကျွန်တော်က ဘယ်လို နှလုံးသားနဲ့
သူများတစ်ဖက်သားရဲ့ Diary ထဲက စာတွေကို
ပြင်ပေးရမှာလဲ .. တွေးတွေးဆဆလည်း လုပ်ဦး "

yimi jeon က japan မှ Yokohama ကို
ရောက်သည်နှင့် Diary ထဲမှ အကြောင်းအရာ အချို့ကို ပြင်ဆင်ပေးရန် တူဖြစ်တဲ့ yoon gi ထံ တောင်းဆိုခဲ့သည် ။

ဒါကို yoon gi က လက်မခံခဲ့ ။

သူမရဲ့တောင်းဆိုချက်ကို ငြင်းကာ webtoon
အပိုင်းသစ်မှ ဇာတ်၀င်ခန်း‌တွေကို art
tablet ပေါ်တွင် စိတ်၀င်တစား ဆွဲ၍နေသည် ။

" ဒီလက်ရေးအတိုင်း တူအောင် ရေးပေးဖို့က မင်းအတွက် ခက်မှမခက်တဲ့ဟာ "

" ခက်လို့ မလုပ်ပေးတာ မဟုတ်ဘူး ..
မလုပ်ချင်တာ .. မလုပ်ချင်တာ .. ရှင်းလား ..
စာအုပ်ပိုင်ရှင် ဘယ်သူမှန်း မသိပေမဲ့
အားနာတယ် "

" ဒီစာအုပ်ပိုင်ရှင်က မင်းညီမ jo jo ကို ကျူးလွန်ခဲ့တဲ့ မိသားစုကကောင် .. jo jo ချစ်သူကို မက်မောနေတဲ့ကောင် "

အဲ့ဒီ့စကားအဆုံးမှာ ရွေ့လျားနေတဲ့ yoon gi
လက်တွေဟာ ရပ်တန့်သွားသည် ။

yoon gi ဟာ jo jo ကို သိပ်ချစ်ရှာသည် ။

သူမ ဒီမှာနေစဉ်ကလည်း jo jo နဲ့ yoon gi က
Yokohama ရှိ ဒီအိမ်မှာပဲ အတူတူ ကြီးပြင်း
လာခဲ့ကြတာပင် ။

နောက်ပိုင်း jo jo က သူမရှိတဲ့ Korea ကို
jo jo လိုက်လာမှ မောင်နှမ နှစ်ယောက် ကွဲသွားကြတာဖြစ်သည် ။

jo jo ကိစ္စဖြစ်ခါစမှာဆို သူမ, မှာ yoon gi ကို
ချက်ချင်းအသိမပေးရဲခဲ့ ။

အနေအေးပေမဲ့ ဒေါသကြီးတဲ့ yoon gi အကြောင်း
နှောကျေနေသူမို့ လူသတ်မှုတွေပါ ထပ်ဖြစ်သွားမှာကို စိုးရိမ်ရသည် ။

အတော်ကြာမှ အသိပေးခဲ့ရပြီး yoon gi ရဲ့
မိခင်ဖြစ်တဲ့ မမကြီးနဲ့ သူမရဲ့ ဖျောင်းဖျမှုတွေကြောင့်
ငြိမ်ပေးခဲ့တာဖြစ်သည် ။

ငြိမ်ပေးခဲ့တာဆိုတာကလည်း ကျေနပ်သွားတာမျိုး
မဟုတ် ။ အမြဲတမ်း တအုံ့နွေးနွေးနဲ့ အခွင့်အရေးကို
မျှော်နေသလိုမျိုးဖြစ်သည် ။

ဒါကြောင့် မမကြီးက yoon gi ကို Korea သို့
လုံး၀ မလွှတ်ရဲတော့တာပင် ။

 Diary Where stories live. Discover now