" လူကြီးမင်း ခေါ်ဆိုသော telephone မှာ ... "
" ကျစ် ! ဟာကွာ "
ဆေးသွား၀ယ်မယ်ဆိုပြီး ထွက်သွားတဲ့ seok jin
ပြန်မလာသည်မှာ 2 နာရီခန့်ရှိပြီမို့ အချိန်က
ည7 နာရီကျော်နေခဲ့ပြီ ။jo jo ကို ခဏထားခဲ့ကာ နေရာအနှံ့
လိုက်ရှာတော့လည်း အရိပ်လေးကိုတောင်မှ
မမြင်ခဲ့ရပါ ။ဖုန်းခေါ်တော့လည်း စက်ပိတ်ထားတယ်ချည်း
တိုးနေသည် ။အရင်နဲ့မတူ ။ ပုံစံပျက်ကာ ကောက်နေတာ
သိပေမဲ့ သူ့ဆီကို ပြန်မလာနိုင်တော့တဲ့အထိ
ကောက်နေတာတော့ မသိခဲ့တာ အမှန် ။လိုက်ရှာနေရတာလည်း ပင်ပန်းလှပြီ ။
စိတ်ပူတာရော ၊ စိတ်တိုတာရော ပေါင်းကာ
ဇောချွေးတွေပါထွက်ပြီး ခြေကုန်လက်ပမ်း
ကျချင်လာသည် ။ဒီကြားထဲ jo jo ကိုပါ စမ်းချောင်းမှာ
တစ်ယောက်ထဲ ထားခဲ့ရတော့ စိတ်က
မဖြောင့် ။အဲ့ဒီ့နှစ်ယောက်ကြားမှာ ဗျာများနေရကာ
အော်ငိုချင်လာသည် ။နောက်ဆုံး လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ရစ်ပတ်ထားတဲ့ အုတ်ခုံပေါ်သို့ ပစ်စလက်ခတ် ထိုင်ချပစ်မိပြီး ဘာလုပ်သင့်သလဲ စဉ်းစား
ရသည် ။" သူ့အန်တီလေးဆီ ဖုန်းဆက်
ကြည့်ရမယ် "အန်တီလေးဆီ ဖုန်းခေါ်ကာ မေးမြန်းလိုက်မှ
" jinnie အိမ်ရောက်ပြီ ..
ရောက်လာတာတော့ သိပ်မကြာသေးဘူး "" အခု ဘာလုပ်နေလဲ .. အဆင်ပြေရဲ့လား "
" အခန်းထဲတော့ ၀င်သွားတာပဲ ..
အဆင်ပြေပုံတော့ မရဘူးနော် .. အန်တီလေး
လေလံအောင်ထားတဲ့ vase ကို ဘာမဆိုင်
ညာမဆိုင်နဲ့ ရိုက်ခွဲသွားသေးတာ "ကြွေနဲ့လုပ်ထားတဲ့ vase မို့ အစအနတွေများ
seok jin ဆီကို ပြန်ပြီး လွှင့်စင်လာခဲ့ရင် ။အား ။ မတွေးရဲစရာ ။
" သူဘာဖြစ်သွားသေးလဲ .. သူ့လက်တွေ
ခြေထောက်တွေကို ထိခိုက်သွားသေးလား ..
တခြားရော "" နင့်လူက အလည် .. အန်တီလေး vase ကို
golf တံနဲ့ ရိုက်ချသွားတာ "" အော် .. တော်ပါသေးရဲ့ "