ညတုန်းက nam joon ဟာ မိခင်အကြောင်းကို ထုတ်ပြောရင်း ဝမ်းနည်းသွားဟန်ရှိသည်မို့ wine
ပမာဏများစွာကို သောက်ခဲ့သည် ။အကျိုးဆက်ကတော့ မနက်ကျ စောစော
မထ,နိုင်တော့ပါ ။ဒီတော့ 4 လွှာမှာနေတဲ့ သူက 5လွှာရှိ
nam joon ဆီသို့ သွားကာ နှိုးရတော့သည် ။အိမ်တံခါးရဲ့ bell ကို 3ခါမြောက်တီးလိုက်မှ
oversize shirt အညိုပွပွကြီးကို ဘောင်းဘီ
အကွက်ဖြင့် ၀တ်ဆင်ထားတဲ့ nam joon က
အိပ်ယာမှ လူးလဲ ထလာသည့် ရုပ်ဖြင့် တံခါးလာ
ဖွင့်ပေးသည် ။သူ့ကို မြင်လိုက်တာနဲ့ နှစ်လိုဖွယ် ပြုံးပြလာသည့်
nam joon ကို" ဆိုင်က သွားမှာလား "
" သွားမှာပါ "
" ငါက စောင့်ပေးရဦးမှာလား "
" စောင့်ပေးရင် ကောင်းပေမဲ့ .. နောက်ကျနေမှာ ..
ငါက အခုထိ ဘာမှ မပြင်ဆင်ရသေးဘူးလေ "" ဒါဆို ငါသွားနှင့်မယ် .. မင်းကတော့ အေးဆေး
ပြင်ဆင်ပြီးမှ လိုက်လာခဲ့ပေါ့ "ခေါင်းညိတ်ပြတာမို့ သူက လှည့်ထွက်တော့မည့်
ဟန်ပြင်ခဲ့ပေမဲ့" joon "
nam joon က လက်ကို ဆန့်တန်းလာပြီး
သူ့ကို ထွေးပွေ့လာသည် ။ရုတ်တရက်မို့ ခပ်တောင့်တောင့် ခန္ဓာအနေအထားနဲ့ သူ့ရဲ့ ပခုံးစွန်းတစ်ဖက်ပေါ်သို့ မျက်နှာကို အပ်ချ
လိုက်ကာ" အိပ်ပုတ်ကြီးမိလို့ sorry "
nam joon ရဲ့ နိုးလာခါစ အက်ရှရှ အသံဩဩက ဘယ်လိုနားထောင်လို့ ကောင်းနေမှန်းမသိ ။
အိပ်ယာရဲ့ အငွေ့တို့ကြောင့် နွေးနေတဲ့ ခန္ဓာကလည်း
သူ့စိတ်ကို ယိုင်နဲ့စေသည် ။" အိပ်ပုတ်ကြီးလို့ ရပါတယ် "
သူက ဖွာနေတဲ့ ငွေမျှင်ရောင် ဆံပင်တွေကို
လက်နဲ့ သပ်တင်ပေးရင်း ပြောလိုက်သည် ။" ငါ့ဆံပင်လေး ဒီလောက်လှနေတာကို
tae hyung က အဘိုးကြီးအရောင်နဲ့တဲ့ "" မပြောသင့်ပါဘူး "
" ဟုတ်ပါ့ကွာ "
စကားအဆုံးမှာ nam joon သူ့ပခုံးစွန်းကို
လှစ်ကနဲ ငုံ့၍ နမ်းသည် ။