ho seok ကို ဆိုင်ထဲ၌ ခဏထားခဲ့ကာ
သန့်စင်ခန်းသို့ ၀င်ပြီး အပြန် ထောင့်တစ်နေရာတွင်
seok jin နဲ့ တွေ့သည် ။" jin "
သူ့ကို မြင်ပါလျှက် ၊ သူ့ခေါ်သံကို ကြားပါလျှက်
မသိဟန်ဆောင်ကာ အနောက်သို့ လှည့်သွားပါတဲ့
seok jin ။ဒီပုံစံတွေကို အရင်ထဲက ရင်းနှီးခဲ့တယ်ဆိုပေမဲ့
မနေနိုင်မထိုင်နိုင် ကလိကလိ ဖြစ်သွားရတဲ့
စိတ်တွေကလည်း အရင်ကအတိုင်း ။မျက်နှာချင်းဆိုင်တွေ့ကြတာနှစ်ခါ ။ နှစ်ခါလုံး လူကို
လျစ်လျူရှုပစ်နိုင်တာတော့ ခံရခက်သည်။အခုလည်း ကျောခိုင်းကာ အနောက်မှ zombie ရှိနေသလို ကျောပြင်တောင့်တောင့်လေးနဲ့
လက်သီးလေး ဆုပ်ပြီး ခပ်သွက်သွက်လှမ်းနေတဲ့
seok jin ကို ကြည့်ပြီး စိတ်က ပေါက်လာသည်။ဖြစ်ပျက်နေလိုက်တာ ။ သူ့ကို မြင်တာနဲ့တင်
ဒီလိုပြေးတယ်တဲ့ ။ kim seok jin က
လူကို ကလိနေတာ နည်းနည်းမဟုတ် ။
တော်တော့်ကို များသွားပြီပဲ ။ခုနကတော့ ဆိုင်ထဲမှာ အလုပ်လုပ်နေလို့
လေစိမ်းတွေတိုက်နေတာ ထားတော့ ။အခု နှစ်ယောက်ထဲ သန့်စင်ခန်းသွားတဲ့
ထောင့်ကွေ့မှာ ထပ်တွေ့ချိန်တော့ သူ့ကို
အဖတ်လုပ်သင့်တယ်မဟုတ်လား ။အရင်လို တရင်းတနှီးမခေါ်ရင်တောင်မှ
နေကောင်းလား။ ဘာညာတော့ ပြောပေးနိုင်သည်ပဲ။တွေးကြည့်လေ ။ မခံနိုင်လေ ဖြစ်တာမို့ စိမ်းကားသူကြီး အနောက်သို့ ခြေလှမ်းကျဲတွေဖြင့် လိုက်ချသွားလိုက်ကာ
" jin "
အရှေ့မှ ပိတ်ရပ်ပစ်လိုက်သည် ။
မော့ကြည့်လာတဲ့ မျက်နှာလေးက အနည်းငယ် နီမြန်းလျှက် ၊ လက်သီးလေးကို ပိုပြီး ကျစ်အောင်
ဆုပ်လိုက်တာကို သတိထားမိသည် ။" လွန်တယ်နော် .. လူကို မြင်လို့
လှည့်ပြေးတာကြီးက "တွန့်ကျုံ့သွားသော မျက်ခုံးလေးဟာ သူ့ကို
မနှစ်မြို့ပါဘူးဆိုတဲ့သဘော ။စကားတစ်ခွန်းမှ မဆိုဘဲ ထပ်ရှောင်ကာထွက်သွားရန်
ဟန်ပြင်တော့ seok jin ရဲ့ တစိမ်းဆန်မှုကြီးကို မခံနိုင်အောင် ခါးသက်မိတဲ့ သူကနောက်တစ်ကြိမ် ပိတ်ရပ်လိုက်ပြန်သည် ။