6

1.6K 259 15
                                    

" jin "

cheonggyecheon ကို ရောက်တော့
ကားနောက်ခန်းထဲမှ jung kook က သူ့ကို လည်ပြန်ကြည့်ကာ ခေါ်သည် ။

သူ,ရှိနေမှန်းတော့ သတိရသေးသားပဲ ။

jo jo နဲ့တစ်လမ်းလုံး အိစိ အိစိ စကားလုံးတွေ
ပြောပြီး ကျီစယ်ရယ်မောနေကြတာ မြင်ပြင်းကပ်စရာ။

ဒီအနေအထားက ဘာကို ဦးတည်နေသလဲ
မရိပ်မိလောက်တဲ့အထိ သူ ,မတုံးဘူး ။

" ရောက်ပြီလေ .. ဆင်းရအောင် "

" မဆင်းချင်ဘူး "

" ဘာလို့လဲ "

" မဆင်းချင်လို့ "

" အေး .. ဘာလို့ မဆင်းချင်တာလဲ ပြော "

" မဆင်းချင်လို့ မဆင်းချင်တာ "

" ကျစ် ! "

စိတ်မရှည်တော့တဲ့ ရုပ်ဖြင့် စုတ်သပ်တော့
အရွဲ့တိုက်ချင်စိတ်က ထပ်ဆင့်တိုးလာသည် ။

" ငါ့ကို အဲ့လိုအခွက်နဲ့ လာမကြည့်နဲ့ kook ..
ဒီကိုလာမယ်ဆိုတုန်းက ငါ့ သဘောဆန္ဒကို
မင်း မေးကြည့်ခဲ့လား "

seok jin ကြောင့် jung kook စိတ်ရှုပ်
လာရတော့အမှန် ။

ဒီကို သွားမဲ့အကြောင်း ပြောနေတုန်းက
ကြားနေတာပဲကို ။ မလိုက်ချင် တစ်ခါထဲ
ငြင်းပါ့လား ။ တစ်လမ်းလုံး ငြိမ်နေပြီး
အခု ရောက်လာခါမှဘာတွေ ဂျစ်နေတာလဲ ။

" ပြောလေ "

" အေးပါ .. ငါ မမေးမိဘူး .. မေးစရာမလိုဘူး
ထင်လို့ .. ဒါပေမဲ့ကွာ .. အခုတော့ ရောက်လာခဲ့ပြီပဲဟာ .. မဂျစ်ပါနဲ့တော့ကွာ ..
နော် "

မကြည့် ။ လူကို လုံး၀မှ မကြည့်‌တော့ဘဲ
ပါးတစ်ဖက်ကို တွန့်ကာ တစ်ဖက်ကို
လှည့်သွားပြန်သည် ။

သူသာ မြင်အောင် ကြည့်တတ်ခဲ့မယ်ဆိုရင်
အဲ့ဒီ့အမူအရာအပြင် ၀မ်းနည်းမှုကြောင့်
လှိုက်တက်နေတဲ့ ရင်အစုံနဲ့ ကြေကွဲရိပ်
သမ်းနေတဲ့ မျက်၀န်းစိုစိုတွေကို မြင်ရပါ
လိမ့်မည် ။ ဒါပေမဲ့ သူ , မမြင်နိုင်ခဲ့ပါ ။

" လာပါ jin ရာ "

ကားထဲကနေ အမြန်ထွက်ပြီး ၊ ကားနောက်ခန်းထဲ
ခေါင်းလျှို၀င်ကာ လက်မောင်းရင်းကနေ
အတင်းဆွဲခေါ်တော့မှ

 Diary Where stories live. Discover now