မျက်လုံးတွေဟာ ကြိမ်းစပ်နေသည် ခေါင်းတွေလည်း လေးလံနေသည် ။ ICU ခန်း အရှေ့မှာ ထိုင်ရတာ
ကြာပြီမို့ ခါးတွေလည်း တောင့်ခဲနာကျင်နေသည် ။မြူဆိုင်းနေတဲ့ ပတ်၀န်းကျင်မှာ မနက်လင်းခြင်း၏
ပြယုဂ်ဖြစ်သော ကျေးငှက်သံတွေကို ကြားရပြီ ။သို့သော် ည 1 နာရီလောက်မှစ၍ yumin jeon ကို
ခေါ်ဖို့ ထွက်သွားတဲ့ jung kook ဟာ အခုထိ ပေါ်မလာသေး ။yumi jeon ရဲ့ အခြေအနေက တော်တော်ကြီး
ဆိုးနေလို့လား ။jung kook အဆင်ရော ပြေပါ့မလား ။
phone ဆက်ပြီး မေးကြည့်လိုက်ရင်ရော
သူ့ phone ကို ပြန်ဖြေနိုင်တဲ့ အနေအထား
ရှိပါ့မလား ။ သူ့ကြောင့် စိတ်ရှုပ်သွားမှာလား ။စိတ်ပူတယ် ။ သူ့ရဲ့ jung kook ဒီအနေအထားမှာ
ခံနိုင်ရည်မရှိမှာကို အရမ်းစိတ်ပူပါသည် ။တစ်ညလုံးငိုနေခဲ့မှာများလား ။ ဘယ်လောက်တောင်
၀မ်းနည်းနေလိမ့်မလဲ ။ဒီလိုတွေးမိတော့ သူလည်းပဲ မျက်ရည်တွေ
ချက်ချင်း ဝေ့တက်လာသည် ။မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ်
လုပ်ကာ ကျချင်နေတဲ့ မျက်ရည်တွေကို သိမ်းဆည်းနေတုန်းမှာ" kim seok jin "
ခေါ်သံတစ်ခုနဲ့အတူ လူတစ်ယောက်ဟာ သူ့အနားသို့
ရောက်လို့လာသည် ။ မော့ကြည့်လိုက်တော့ .." အတွင်းရေးမှုး jung ho seok "
" ဟုတ်ကဲ့ .. ကျွန်တော်ပါခင်ဗျာ "
" မင်းရဲ့ CEO ဆီကို လာတာလား "
" CEO jeon က လှမ်းခေါ်လို့ပါ "
" ဟုတ်လား .. သူအခု ဘယ်မှာလဲ .. မင်းနဲ့
တွေ့ပြီးပြီလား .. သူအဆင်ပြေရဲ့လား ..
ညထဲက ပြန်မလာဘူး .. စိတ်ပူလိုက်တာ "အဖြူကောင်လေးရဲ့ မေးခွန်းတွေက ဆက်တိုက် ။
ညိုးနေတဲ့ မျက်နှာလေးပေါ်မှာ စိတ်ပူမှုတွေနဲ့
စိုးရိမ်မှုတွေဟာ ပေါ်လွင်နေခဲ့သည် ။" သူငိုနေသေးလား "
ခေါင်းရမ်းပြလိုက်တော့မှ
" တော်သေးတာပေါ့ "
သက်ပြင်းလေးရှိုက်ရင်း ပြောသည် ။