33

2.6K 327 30
                                    

နိုးလာသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက
jung kookရင်ခွင်ထဲ ဆုံးဆုံးမြှုပ်နေသည် ။

နည်းနည်းမှ လှုပ်မရအောင်ထိ အဖက်ခံထားရသဖြင့်
လူငွေ့တွေနှင့် မနက်ခင်းနေရောင်ဆီမှ အပူငွေ့တို့
ပေါင်းကာ ချွေးတွေလည်း ရွှဲနစ်နေသည် ။

ပူပြီး နုံးချိချိဖြစ်နေသည်ကြောင့် ရေမြန်မြန်
ချိုးပစ်ချင်လာသည် ။ ဒါကြောင့် သူ့ပေါင်ပေါ်မှာ ကန့်လန့်ဖြတ် ခွတင်ထားတဲ့ jung kookရဲ့
ခြေထောက်ကို ဖယ်ချလိုက်သည် ။

ခါးပေါ်မှ လက်ကိုလည်း ဆွဲဖြုတ်လိုက်ပြီး
ထ,ထိုင်လိုက်တော့ သူ့ကိုယ်ပေါ်မှာ pajama
တစ်ထည် ရှိနေခဲ့သည် ။ အောက်ပိုင်းကလည်း ညတုန်းကလို စေးကပ်မနေတော့ ။

အိပ်ပျော်သွားတဲ့ သူ့ကို jung kook က
သန့်ရှင်းပေးခဲ့တာပဲဖြစ်မည် ။

ဘောင်းဘီပွပွတစ်ထည်ကိုသာ ၀တ်ထားခဲ့ပြီး
အပေါ်ပိုင်း ဗလာကျင်းလျှက် နှစ်ခြိုက်စွာ
အိပ်နေတဲ့ jung kook ရဲ့ ပါးကို ခပ်ဖွဖွ
နမ်းလိုက်ပြီးမှ ကုတင်ပေါ်မှ ဆင်းလိုက်သည် ။

ခြေလှမ်းတွေကို ဖော့နင်းလိုက်ကာ ရေချိုးခန်းထဲသို့ ၀င်လာလိုက်သည် ။

ရေချိုးခန်းထဲရှိ မှန်ထဲတွင် ပေါ်နေတဲ့သူ့ကိုယ်သူ ကြည့်မိစဥ်မှာတော့ လန့်သွားရပါသည် ။

နဂိုထူတဲ့ သူ့နှုတ်ခမ်းတွေဟာ အခုတော့ဖြင့်
ပိုပိုသာသာကို ထူအမ်းနေခဲ့သည် ။

အနီရင့်ရင့်အကွက်တွေကလည်း လည်ပင်းမှစ၍
ပေါင်အရင်းနားထိ ပြည့်သိပ်နေလျှက် ။

ခါးတစ်ဝိုက်မှာဆို လက်ချောင်းရာတွေဟာ
ထင်းနေသည် ။ လက်ကောက်၀တ်တွေမှာလည်း ထိုအတိုင်း ။

ရစရာမရှိတော့တဲ့ သူ့တစ်ကိုယ်လုံးကို
ဆပ်ပြာတိုက်ခဲ့ချိန်မှာတော့ လက်ဖျားလေးကိုသာ
အသုံးပြုခဲ့ရသည်အထိ jung kook သူ့ကို
အများကြီး ချစ်ပစ်ခဲ့ပါသည် ။

▪️▪️▪️▪️▪️

" အာ .. လန့်လိုက်တာkook ရာ "

ရေချိုးခန်းထဲမှ ထွက်လာသည်နှင့်အပေါက်၀မှာ jung kookက သူ့ကို ရပ်စောင့်နေသည် ။

 Diary Where stories live. Discover now