12

1.7K 277 26
                                    

သိပ်ကြောက်လွန်းလို့ အတွေးထဲမှာတောင်
သေချာ မကြားရဲခဲ့တဲ့ စကားတစ်ခွန်းအား
လက်တွေ့ကြားလိုက်တဲ့ အချိန်မှာ သူဟာ ဆောက်တည်ရာမရ ။

နက်လွန်းတဲ့ ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားပြီး
ပြန်မတက်နိုင်သူလို ကူကယ်ရာမဲ့ ။

မျက်ရည်စတွေ ပြည့်သိပ်လာပြီး ဖုံးကွယ်ထားလို့
မရတော့လောက်အောင်ထိ ပျက်ယွင်းသွားခဲ့ရတဲ့
သူ့မျက်နှာ ။

အစိမ်းရောင် မျက်၀န်းဝိုင်းတွေနဲ့ အကြည့်ချင်း
မစုံချင်၍ ကပြာကယာ မျက်လွှာချပစ်မိတော့
ပါးပြင်ပေါ်သို့ အရှိန်ပြင်းပြင်း စီးကျသွားသည်က
သူ့ရဲ့နှလုံးသွေးစက်များ ။

" kook ~ မင်းအတွက်ငါ ~~ congr ~
congratu ~ ~ "

လှိုက်ခါလာတဲ့ ရင်အစုံကြောင့် ဆက်မပြောနိုင်ခဲ့ ။
မတ်မတ် မရပ်နိုင်လောက်အောင် လူက ယိုင်နဲ့
လာသည် ။

ဒါကြောင့် jung kook ကို ကျောခိုင်းကာ ထွက်ပြေးခဲ့မိသည် ။

" နေပါဦး ~ jin "

လှမ်းနေတဲ့ ယိုင်တိုင်တိုင် ခြေလှမ်းတွေရဲ့
အရှေ့မှ jung kook က ထွက်ပြေးလို့မရအောင်
သူ့ကို ပိတ်ဆို့ တားဆီးခဲ့သည် ။

ဘယ်အချိန်မှာမှ လွတ်အောင်ပြေးနိုင်မှာလဲ ။

စိုစွတ်နေတဲ့ သူ့မေးဖျားလေးကို လက်ဖဝါးဖြင့်
ပင့်မော့ခံလိုက်ရပြီး သူ့ပါးပြင်တွေအနှံ့မှာ
jung kook ရဲ့ လက်ချောင်းသွယ်သွယ်တွေက
ခပ်ဖွဖွ ကျရောက်လာသည် ။

" ငါ့မျက်နှာကို ကြည့်ပါဦး jin "

လေသံ ခပ်အေးအေးက စိတ်နဲ့လူနဲ့
ကင်းကွာနေချိန်မှာတောင် သူ့ရဲ့နာခံချင်စိတ်ကိုတော့
လှုံ့ဆော်နိုင်ပါ၏ ။

jung kook မျက်နှာကို မြင်ရလေ ။ ပိုပြီး ငိုချင်လာလေ ။

" con ~ ~ "

ထပ်ပြောလည်း ထွက်မလာနိုင်တဲ့ ဂုဏ်ပြု စကားလေးဟာ တုန်ခါနေတဲ့ သူ့နှုတ်ခမ်းလွှာတွေ
ကြားမှာ တိုးတိမ်ပျောက်ရှပြန်သည် ။

" တောင်းပန်တယ် jin .. မင်းမုန်းတဲ့ ..
မင်းမကြည်ဖြူတဲ့ ကောင်မလေးကိုမှ .. ငါက
လက်မလွှတ်နိုင်ဖြစ်ပြီး ပေါင်းဖက်ခဲ့မိလို့ "

 Diary Where stories live. Discover now