" hannie "
ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး အရုပ်အပိုင်းအစတွေကို
စိတ်၀င်တစား ဆက်နေသူ han jin အား
အန်တီလေးက ခေါ်သည် ။" ဗျာ .. အန်တီလေး "
" jinnie ပြန်အလာကို စောင့်ရင်း
အိမ်ထဲမှာပဲနေနော် "" ဟုတ် "
အလုပ်ကနေ အခုမှ အိမ်ပြန်ရောက်ခါ ရှိသေး ။
အလုပ်က phone ဆက် ခေါ်ပြန်တာကြောင့်
နောက်တစ်ခါ ထပ်သွားရဦးမည် ။နေ့လည်ဘက်ဆို အိမ်ထိန်းရှိတာမို့ တူဖြစ်သူအား အိမ်မှာ ထားခဲ့ရတာ ကိစ္စမရှိ ။
အခုက ရုံးဆင်းချိန်ကျော်သွားပြီမို့ အိမ်ထိန်းလည်း
ပြန်သွားခဲ့ပြီ ။မကြာခင်မှာလည်း မှောင်လာတော့မှာမို့ တူဖြစ်သူကို
စိတ်မချနိုင် ။ သိတဲ့အတိုင်း ။ ကိုယ့်တူက စိတ်ရောဂါသည်လေးရယ် ။seok jin ကလည်း ဒီနေ့မှ အိမ်ပြန်
နောက်ကျနေသည် ။phone ဆက်ခေါ်ထားပေမဲ့လည်း seok jin
ဆိုင်ရှိရာနဲ့ ဒီနေရာက ဝေးတော့ ရောက်ဖို့က
1 နာရီနီးပါး ကြာဦးမည်ထင်သည် ။ဘယ်သူမှ မရှိတဲ့ 1 နာရီစာအတွင်းမှာ han jin ဘယ်မှ ထွက်မသွားလောက်ပါဘူးလေ ။
" hannie .. ဒီစားပွဲရဲ့ အံဆွဲထဲမှာ
ကတ္တီပါဗူးလေးရှိတယ် သိလား ..ဟိုဘက်အိမ်က လူတွေ လာယူရင် ပေးလိုက်နော် "" ဟုတ် "
" ဒါဆို အန်တီလေးသွားပြီ "
အန်တီလေးရဲ့ ကားသံ ခပ်ဝေးဝေး ရောက်သွားခဲ့သည်နှင့် han jin လည်း
အိမ်အပြင်ကို ပြေးထွက်လာခဲ့သည် ။အိမ်ထဲမှာပဲ အမြဲပိတ်ခံထားရသူမို့
အပြင်ထွက်ရတာကို သူ , သိပ်ကြိုက်ပါသည် ။▪▪▪▪▪
ရှားရှားပါးပါး အခွင့်အရေးလေးမှာ
kim han jin လေးဟာ မြှောက်ကြွ
မြှောက်ကြွ ။လမ်းဘေး၌ ကျနေတဲ့ သစ်ကိုင်းတစ်ခက်ကို
ချိုးကာ လေထဲတွင် ဝှေ့ရမ်းရင်း ပြေးမိသည်မှာ
တစ်လမ်း၀င် တစ်လမ်းထွက် ။white color ၀မ်းဆက်ပွပွလေးနဲ့
အဖြူရောင်လူသားလေးသည် ညအမှောင်၌
လမင်းတစ်စင်းလို ထွန်းလင်း၍ နေသည် ။