22

2K 311 28
                                    

စာချုပ်ချုပ်ပြီးချိန်မှာတော့ အတွင်းရေးမှုးjung  ၊ ရှေ့နေနဲ့ အသိသက်သေအဖြစ် ခေါ်လာခဲ့သူတွေဟာ အသီးသီး ပြန်ကုန်ကြသည် ။

ဟူး ~

ဖြစ်ချင်တာ ဖြစ်သွားခဲ့ပြီးပြီမို့ sofa ‌အနောက်သို့
ကျောမှီချကာ ခပ်လျောလျော အနေအထားနဲ့
ထိုင်ချလိုက်သည် ။

ပင်လည်းပင်ပန်းနေပြီ ။ ဒီကိစ္စဖြစ်သွားဖို့
လုံးပမ်းခဲ့ရတာ တော်ယုံမဟုတ် ။

kim nam joon အကြောင်းတွေ စုံစမ်းရတာရော၊
seok jin တစ်ယောက်ထဲ ရှိမဲ့အချိန်ကို စောင့်ရတာရော ၊ လက်ထပ်ဖို့ စီစဉ်ရတာကြောင့်ပါ
လူက ချာလည်ရိုက်နေခဲ့သည် ။

အရှေ့တည့်တည့်ကို ကြည့်မိတော့ ငိုချင်နေတာကို
အတင်းအောင့်အီးထားတဲ့ရုပ်နဲ့ seok jin ကို
မြင်လိုက်ရသည် ။

ကျလုဆဲဆဲဖြစ်နေတဲ့ မျက်ရည်တွေကို
ထိန်းထားတာမို့ လူတစ်ကိုယ်လုံးက တုန်နေပြီး
နီစပ်နေတော့သည် ။

ငိုချလိုက်တော့ရော ။ ဘယ်သူက ဘာပြောမှာ
မို့လို့လဲ ။ ဟိုတစ်ခါကတောင် မူးပြဲပြီး သူ့အရှေ့မှာ အော်ငို ဖူးသေးတာပဲကို ။ အခုမှ over တွေ
လုပ်နေတာ ။

" ပြန်လို့ရပြီလား "

စိုက်ကြည့်နေတုန်းမှာ seok jin ဆီမှ အသံ
အက်အက်လေးက ထွက်လာခဲ့သည် ။

ဘယ်လင်ခင်ပွန်းတွေက လက်ထပ်ပြီး တစ်အိမ်ဆီ
နေလို့လဲ ။ မသိဟန်ဆောင်ပြီး အရူးကွက် လာနင်း
နေတာ kim seok jinတို့က ။ ဒါကို သူက  ခံမယ်ထင်နေလား ။

" ဘယ်ကို ပြန်မှာလဲ .. ဒီမှာ မင်း‌ယောင်္ကျား ..
မင်းယောင်္ကျားရှိတဲ့ဆီမှာပဲ မင်းလည်း
နေရတော့မှာ .. ဘယ်မှ ပြန်စရာမလိုဘူး "

ယောင်္ကျားဆိုတဲ့ စကားမှာ seok jin မေးရိုးလေးက
တင်းကနဲ ဖြစ်သွားသည် ။ ခံပြင်းနေရှာတာမှ
တအား ။ အဲ့ဒီ့မျက်နှာကို ထပ်မြင်ချင်မိတာကြောင့်

" ငါပင်ပန်းနေပြီ "

သေပေါ့ဆိုတဲ့စကားကို seok jin က အသံတိတ်
ရေရွတ်သည် ။ သူက မသိဟန်ဆောင်လိုက်ကာ

" တရေးလောက် အိပ်မှဖြစ်မယ် "

seok jin ရဲ့ နှုတ်ခမ်းလေးတွေက လှုပ်သွားပြန်ကာ
တစ်သက်လုံးအိပ်သွားလည်းရတယ်ဆိုပြီး
တိုးတိုးလေး ပြောပြန်သည် ။

 Diary Where stories live. Discover now