31

2.6K 328 38
                                    

နားထဲမှ ခံစားနေရတဲ့ ယားကျိကျိ အထိအတွေ့ ။
ခေါင်းငဲ့ကာ ရှောင်ကြည့်လိုက်တော့လည်း ခေါင်းက
ရွေ့လို့မရ ။ ဗိုက်ပေါ်မှာလည်း တစ်ခုခုက ပိနေသလို။

အသိစိတ်ဟာ ခန္ဓာနဲ့ပိုကပ်လာတော့ နှုတ်ခမ်းပေါ်မှ ပူနွေး‌စွတ်စိုသော အထိအတွေ့ကိုပါ ရလာသည်။

ကြိမ်းစက်နေတဲ့မျက်လုံးတွေကို အနည်းငယ်
ပွင့်ကာ သူဘာဖြစ်နေတာလဲ‌ဆိုတာ သိနိုင်ဖို့
ကြည့်လိုက်တော့ နိုးလာခါစ သူ့ရင်တွေဟာ
တဒိန်းဒိန်းဖြစ်၍ လာသည် ။

သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်ကာ သူ့ကို ကားယားခွထားရင်း သူ့နှုတ်ခမ်းကို ခိုးနမ်းနေပါတဲ့ jung kook ။

မျက်လုံးတွေ မှိတ်ချထားရင်း နမ်းနေသူဟာ
သူနိုးလာမှန်း သတိထားမိပုံမပေါ်ပါ ။

သူ့နှုတ်ခမ်းတွေဆီမှာသာ အာရုံတွေ ရှိနေခဲ့သည် ။

ဒီအနေအထားမှာ သူဘယ်လိုလုပ်ရပါ့ ။

ငြိမ်ခံလိုက်တာ ကောင်းမယ်ထင်တာပဲ ။

10မိနစ်ခန့်ကြာသည်အထိ အနမ်းတွေဟာ
ရပ်တန့်မသွား ။ ကြာတော့ အသက်ရှုရ
ခက်လာသည် ။

ပြီးတော့ jung kook ရှေ့ဆံပင်တွေက နားထဲကို
၀င်နေတော့ ယားသည် ။ ယားလွန်းလို့ နှုတ်ခမ်းပေါ်မှ အနမ်းဆီမှာတောင် အာရုံမရှိတော့ဘဲ ရယ်ချင်
လာအထိ ။

" အွိ~ "

" ပြွတ် ! "

ရယ်ချင်ဝာာကို မထိန်းနိုင်ဘဲ အသံထွက်လာတော့
jung kook သိမ်းပိုက်ထားတဲ့ သူ့နှုတ်ခမ်းတွေက
ပြင်ပလေနှင့် ထိတွေ့ခွင့်ရခဲ့ပြီ ။

သူခိုးကို လူမိသွားသလို ပြူးကြောင်ကြောင်ရုပ်နဲ့ သူ့ကို စိုက်ကြည့်နေတဲ့ jung kook ကိုလည်း အလင်းသဲ့သဲ့ကြားမှ မြင်လိုက်သေးသည် ။

" ဘုန်း ! "

သူ့ကို အခုမှ နိုးလာတယ်ထင်တဲ့ jung kook က
သူ့ကိုယ်ပေါ်မှ‌နေ၍ အိပ်ယာတစ်ဖက်ခြမ်းသို့ လျှင်မြန်စွာလှိမ့်ချသွားသည် ။

အဲ့ဒီ့အပြုအမူကြောင့် သူက ခပ်ဟဟရယ်
လိုက်မိကာ ကျောပေးထားသူကို အနောက်မှ သိုင်းဖက်ပစ်မိသည် ။

 Diary Where stories live. Discover now