8

1.7K 288 44
                                    

စကားကို လိမ်ညာပြောလို့ရပေမဲ့ ခံစားချက်ကိုတော့
လိမ်ညာ၍ မရ ။ သူ့အလိုလို ဖြစ်တည်လာတာမို့ ပြောင်းလဲလို့လည်းမရ ။ တားဆီးလို့လည်းမရ ။

jung kook က သူ့ကို ခင်တာပဲရှိပြီး ချစ်တဲ့ ခံစားချက်မရှိတာ သေချာသည် ။

သူ့ကိုကြည့်တဲ့ အကြည့်တွေနဲ့ jo jo ကို
ကြည့်တဲ့ အကြည့်တွေကို ခွဲခြားလိုက်ခြင်းဖြင့်
သိနိုင်သည် ။

ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်ကို
ချစ်နေတာကို မတားဆီးနိုင်တဲ့လူတစ်ယောက်ဟာ
ကြိတ်မှိတ်ကာ ကမ္ဘာပြိုယုံပြင် နောက်ထပ်
ဘာများ ဘာတတ်နိုင်ဦးမှာလဲ ။

သုံးပွင့်ဆိုင် ဒီဇာတ်လမ်းမှာ ကိုယ်က villain
မဖြစ်ချင်တော့ အရှုံးသမားဘွဲ့ကို ခံယူရသည် ။

သူသာ villain ဇာတ်ခင်းလိုက်ရင် နာကျင်ရမဲ့
သူတွေထဲ jung kook ပါ , ပါ၀င်လာမှာ
မဟုတ်လား ။

ကိုယ်နာကျင်ရပေမဲ့ ချစ်ရတဲ့သူသာ ပျော်ရင်
ကျေနပ်ရသည် ။

ဒီလိုစိတ်နဲ့ သူဟာ jung kook နဲ့ jo jo အနားမှာ ခါးသက်ခြင်းတွေကို ဖုံးဖိကာ ခပ်ယဲ့ယဲ့
ဟန်ဆောင်ပြုံးတွေ ဆင်မြန်းကာ နေ့ရက်တိုင်းကို
ဖြတ်သန်းဖို့ ကြိုးစားရသည် ။

" National Museum ကိုသွားမယ် .. ကိုကို "

အရင်က သူ့နေရာဖြစ်တဲ့ lover seat လေးကို
အပိုင်ရသွားသူ jo jo က ပြောလာတော့
jung kook က jo jo ကို ငဲ့ကြည့်လိုက်ကာ

" jo jo သဘော " တဲ့ ။

ပြောရင်း ခေါင်းကို လှမ်းပုတ်လိုက်သေးတော့
ကားနောက်ခန်းမှ ဆက်မကြည့်နိုင်တော့တဲ့သူက ခေါင်းကို ငုံ့ချလိုက်ကာ အဲ့ဒီ့မြင်ကွင်းကို ရှောင်ဖယ်မိခဲ့သည် ။

" အရင်တစ်ခါ photo မရိုက်လိုက်ရလို့ ..
ဒီတစ်ခါတော့ ရိုက်ပေးနော် ကိုကို .. IG မှာ
တင်ချင်လို့ "

" အင်း .. ကိုကို့ထပ် jin က ပိုပြီး လှအောင် ရိုက်တတ်တယ် .. ကိုကို သူ့ကို ရိုက်ခိုင်းပေးမယ် "

" ဟုတ် "

သူ့၀ဋ်ကြွေးကလည်း တော်တော်ကြီးပါသည် ။

ပြီးခဲ့တဲ့ တစ်ပတ်ကမှ သူတို့ကျောင်းရဲ့ BC
major ပထမနှစ်ကို ပြောင်းလာတဲ့ jo jo ဟာ
ကျောင်းသွား ကျောင်းပြန် jung kook ကားနဲ့
အတူ လိုက်ပါခဲ့သည် ။

 Diary Where stories live. Discover now