28

2.3K 322 34
                                    

နားထဲသို့ ၀င်လာတဲ့ နှိုးစက်သံကြောင့် သူ့မျက်လုံးတွေ ပွင့်လာခဲ့သည် ။ ထိုအသံကြောင့် jung kook နိုးမသွားစေဖို့ နာရီကို ယူကာ အမြန်ပိတ်လိုက်သည် ။

ဘေးကို လှည့်ကြည့်လိုက်တော့ jung kookက
မရှိတော့ ။ အေးစက်နေတဲ့ အိပ်ယာအရ
jung kook ထ သွားတာ ကြာပြီဖြစ်မည် ။

ဒီအချိန်ဆို jung kook အရက်နာကျနေတော့မှာ ။ ခေါင်းကမူးမူး ၊ ရင်ဘတ်က အီလည်လည်နဲ့ လေတွေဆန်တက်ကာ အော့အန်ချင်သလိုဖြစ်နေမဲ့ ဝေဒနာကြီးနဲ့ ဘယ်များသွားနေသလဲမသိပါ ။

အတွေးနဲ့အတူ အောက်ထပ်ကိုရောက်လာခဲ့တော့ kitchen ထဲမှာ အသံတွေကြားလိုက်ရသည် ။ သွားကြည့်မိတော့ တစ်ယောက်ထဲချက်ပြုတ်နေတဲ့
jung kook ကို တွေ့သည် ။ အနားကို တိုးကပ်
သွားကာ

" kook "

" အင်း "

jung kook က သူ့ကို လှည့်မကြည့်ဘဲ
ထူးသည် ။

" အမူးပြေဟင်းရည် ချက်နေတာလား "

" မသောက်ရင် အလုပ်သွားနိုင်မယ်မထင်ဘူး "

" ငါချက်ပေးမလို့ မင်းရဲ့အလုပ်ချိန်မှီအောင်
နှိုးစက် ပေးထားခဲ့တာကို "

မကျေနပ်သလိုမျိုး ပြောနေတဲ့ seok jinကို
jung kook လှည့်ကြည့်လိုက်သည် ။

မျက်နှာမသစ်ဘဲ အိပ်‌ယာပေါ်မှ တန်းထလာသည်မို့
seok jin ဟာ ဆံပင်ဖွဖွာလေးနဲ့ ဖြူဖြူဥဥလေး ဖြစ်လို့နေသည် ။

၀တ်ထားတဲ့ ဆွယ်တာလေးကလည်း လည်ပင်း
ပေါက်လေးက တစ်ဖက်သို့ ရွဲကျနေတာကြောင့်
လည်တိုင်လေးနဲ့ ညှပ်ရိုးထင်းထင်းတွေကို ပိုပြီး မြင်နေရသည် ။

ချက်ပြီးသွားတဲ့ ဟင်းရည်အိုးကို ကြည့်နေတဲ့
ရုပ်ကလည်း စူစူပုတ်ပုတ်လေး။ အဲ့ဒီ့ပုံစံလေးကို ကြည့်ရင်း သူ့မှာအသည်းယားလာတာက ထိန်းမရ ။

မနေ့ညကတော့ သူ့မျက်နှာကို ပင့်ကိုင်ကာ
ချော့မော့မေးနေတဲ့အချိန်မှာ အသဲယားလာတာမို့
ho seok ပခုံးကို ဖျစ်ညစ်ပစ်လိုက်သည် ။

အခုတော့ လက်ထဲမှာ ကြက်ဥတစ်လုံးရှိတာမို့

" ဗျစ် ! "

သူ့လက်ထဲမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားရှာတဲ့
ကြက်ဥကြောင့်

 Diary Where stories live. Discover now