3

1.9K 288 5
                                    

" သား .. jung kook .. ထွက်ခဲ့တော့လေ..
အားလုံး ready ဖြစ်ပြီ "

ရေချိုးပြီး အ၀တ်အစားလဲနေချိန်တွင်
မာမီလေးဟာ အခန်းပြင်မှ နေ၍ သူ့ကို
ခေါ်သည် ။

မည်းနက်နေတဲ့ shirt အင်္ကျီမှ လက်ကို
ခေါက်တင်လိုက်ကာ

" ကျွန်တော် ဆင်းလာခဲ့ပါ့မယ် "

မာမီလေးရဲ့ ခြေသံက တဖြေးဖြေးနဲ့
ဝေးကွာသွားတော့မှ သူက ခပ်ရှည်ရှည်ဖြင့်
လှိုင်းတွန့်သဏ္ဍာန် ဆံပင်တွေကို အမြန်ဆုံး ပုံသွင်းလိုက်သည် ။

All Black နဲ့ သူဟာ ဒီညအတွက် လုံး၀
perfect !

မှန်ထဲ၌ ပေါ်နေတဲ့ ပုံရိပ်ကို ကြည့်နေတုန်း
မာမီလေးရဲ့ ခြေလှမ်းတွေကလည်း သူ့အခန်းဆီမှ
တဖြည်းဖြည်း‌ ဝေးကွာသွားခဲ့ပြီ ။

yumi jeon ဆိုသည့် သူ့မာမီလေးသည်
japan မှ ဒယ်ဒီခေါ်ယူ ပေါင်းသင်းလာသူ
ဖြစ်သည် ။

မိထွေးမို့ အိမ်ကိုရောက်စမှာ သိပ်ပြီး ကြည့်မရခဲ့ပေမဲ့
မိခင်ရင်းလို နွေးထွေးမှုတွေပေးတော့
မာမီ့အစား တွယ်တာလာခဲ့သည် ။

မာမီလေးသည် သူလိုချင်တဲ့ မေတ္တာကို
ရိုးသားမှုအပြည့်ဖြင့် ပေးသည် ။ဒယ်ဒီ့ထပ်ကို ပိုမည်ထင်ပါသည် ။

ဒယ်ဒီ့ကတော့ ဟိုးအရင်ကလို မာမီ့ကိုရော မာမီလေးကိုရော ဂရုမစိုက်ပဲ ပွေရှုပ်နေ
ဆဲပါပဲ ။

တစ်ခါတလေဆို ဒယ်ဒီ့ကြောင့် မာမီလေးလည်း
မာမီ့လိုမျိုး နှလုံးရောဂါတွေ ဘာတွေ
ရသွားမှာကိုတောင် တွေးပြီးပူနေရသည် ။

လူကြီးလူကောင်းပုံဖြင့် ကွယ်ရာမှာ ဖောက်ပြားလွန်းတဲ့ ဒယ်ဒီ့ထပ် မာမီလေးကို
ပိုပြီး ယုံကြည်အားကိုးမိပါသည် ။

▪️▪️▪️▪️▪️

party ကျင်းပသည့် ခြံထဲကိုရောက်တော့
ဒယ်ဒီ့ ဧည့်သည် တော်တော် များများက ရောက်နှင့်နေခဲ့ပြီ ။

ဒါပေမဲ့ မျှော်နေတဲ့ ညီအစ်ကိုကတော့
ရောက်မလာသေး ။

စောစောလာပါလို့ မှာထားတာကို ။

မျက်ခုံးတွေတွန့်ကာ တံခါးဘက်ကို
လှမ်းကြည့်နေပြီး သူကိုယ်တိုင် သွားခေါ်
ရမလား တွေးနေစဉ်မှာ

 Diary Where stories live. Discover now