ဆိုလ်းအမျိုးသားတက္ကသိုလ် ။
ကျောင်းဖွင့်ချိန်မို့ ကျောင်းဝန်းကြီးဟာ ၎င်း၏
ရင်သွေးငယ်တွေဖြင့် စိုပြေသက်၀င်နေသည် ။လေပြေအသော့မှာ စနစ်တကျ စီတန်းနေတဲ့
အပင်အိုတွေကလည်း ခေါင်းညိတ်လည်ခါဖြင့် ။ရွှေဝါရောင် ရစ်သမ်းနေပြီး မြေခလုလု အရွက်တွေကို သယ်ပိုးထားတဲ့ ကိုင်းခက်တွေက
တေးသီငှက်ကလေးတွေ နားခိုလိုက်တိုင်း
နိမ့်တစ်ခါ မြင့်တလှည့် ။" jin "
အတန်းချိန်ပြီးပြီမို့ အတန်းထဲမှ ထွက်ရန်
စာအုပ်တွေသိမ်းနေတဲ့ seok jin ကို ပခုံးချင်း
လှမ်းတိုက်ကာ ခေါ်လိုက်သူက jung kook ..seok jin လှည့်ကြည့်လိုက်တော့ မြင်ပါများလည်း
ရိုးသွားခြင်းမရှိတဲ့ မျက်နှာပိုင်ရှင်ကို တွေ့သည်။တစ်စုံတစ်ခုကို တစ်စုံတစ်ယောက်နဲ့ ပြောတဲ့အခါ ၊နားထောင်တဲ့အခါ မျက်နှာချင်းဆိုင် ၊ မျက်လုံးချင်း
စုံပြီး အလေးအနက် ပြုမူနေရမှ ကျေနပ်တဲ့ သူက
jung kook ကိုတော့ စေ့စေ့မကြည့်ရဲ ။ဒါဟာ ကြောက်ရတဲ့ အရာမို့လား ။ မဟုတ်ပါ ။
best friend ဆိုတဲ့ စည်းကို ကျော်ထားခဲ့ပြီးသူ
တစ်ဖက်သတ်သမားတစ်ယောက်ရဲ့ ဒုက္ခများသာ ။" အင်း "
ခေါင်းငုံ့ချကာ စာအုပ်တွေ သိမ်းရင်းမှ ထူးတော့
" ဟာ .. မင်းကလည်း ငါစကားပြောမလို့ဆို .. ငါ့ကို
ကြည့်ကွာ "မသိနားမလည်တဲ့ best friend လေးဟာ
ဇိုးဇိုးဇက်ဇက်နိုင်စွာ လှုပ်ရှားနေတဲ့ လက်တွေကို
ဆွဲယူသွားပြီး သူ့ဘက် လှည့်စေသည် ။ရင်မှာ ခံစားသွားရတာက ငှက်တွေနားတဲ့
သစ်ကိုင်းပမာ နိမ့်တစ်ခါ မြင့်တစ်လှည့် ခံစားချက်မျိုး ။" ငါပြောမယ် .. ညကျရင် အိမ်မှာ party ရှိတယ် ..မင်းလာခဲ့ "
လှပသည် ။ သေသပ်ကာ ပါးလှပ်သည် ။
အိထွေးကာ နီရဲနေသည့် နှုတ်ခမ်းတွေကို
မျက်၀န်းညိုတွေဖြင့် တွေကနဲ ငေးမိနေရင်းမှ