" ဟင်း ~ "
သူ့ဆံပင်တွေ လှုပ်ခါသွားသည် ။
" ဟူး ~ "
သူဖတ်နေတဲ့ စာအုပ်မှ
စာရွက်တွေ လှုပ်ခါသွားသည် ။" ဟား ~ "
၀တ်ထားတဲ့ t - shirt ကပါ အဲ့ဒီ့
သက်ပြင်းတွေကြောင့် လှုပ်ခါကုန်သည် ။သူ , မသိဟန် မဆောင်နိုင်တော့ ။ မျက်စိရှေ့မှ စာရင်းစာအုပ်ပေါ် ခေါင်းစိုက်နေသူအား
" အာ .. ဘာလဲ seok jin ရာ .. ငါ့လည်း
လွှင့်ထွက်ကုန်ဦးမယ် "သူ့အသံကြောင့် seok jin က သူ့ကို
မော့ကြည့်လာပြီး" joon "
လေးနက်တဲ့ အသံနဲ့ ခေါ်သည် ။ သူနဲ့ seok jin က စားပွဲအရှည်ရဲ့ ဟိုဘက် ဒီဘက် ထိုင်နေကြတာ
ဖြစ်သည် ။" အေး .. ဘာဖြစ် "
" ငါလချုပ်စာရင်း လုပ်ပြီးပြီ "
" ဟုတ်လား .. အခြေနေ "
" ၀မ်းနည်းဖို့ကောင်းတယ် "
" ဘာလို့လဲ "
" တစ်လလုံးမှ ငါတို့ဆိုင်ရဲ့ coffee ရောင်းရနှုန်းက
အခွက် 50တောင် မပြည့်ဘူးတဲ့ကွာ "စိတ်ဓာတ်ကျသလိုလေသံလေးနဲ့ seok jin ရဲ့ အပြောကြောင့် nam joon ပြုံးမိသည် ။
ဒီကောင် ဒါကြောင့် သက်ပြင်းတွေ လှိမ့်ချ
နေတာကိုး ။" မင်းက ပြုံးနိုင်သေးတယ်နော် .. နောက်ထပ် .. ၀မ်းနည်းစရာကောင်းတာက ဘာလဲ သိလား "
" ဘာလဲ "
" coffee ခွက်တွေ ကွဲကုန်လို့ ပြန်၀ယ်ရမှာက
coffee ရောင်းရငွေထပ် 2 ဆတဲ့ကွ "လက်နှစ်ချောင်းထောင်ပြရင်း ပြောတော့
nam joon မအောင့်နိုင်တော့" ဟား .. ဟား "
အော်ရယ်မိတော့သည် ။
ရယ်နေတဲ့သူ့ဆီသို့ seok jin ရဲ့ မျက်စောင်းက ဒိုင်းကနဲ ရောက်လာခဲ့ကာ
" မင်းကြောင့်ကွဲကုန်တာ "
" သိတယ် .. သိတယ် "
" အဖျက်သမား "
" မရည်ရွယ်ပါဘူး "
" အရင်းပြုတ်တော့မယ် "