30

2.7K 344 39
                                    

ကြေကွဲရိပ် စွန်းထင်းနေသော မျက်၀န်းတွေထံမှာ
မျက်ရည်စတွေ ဝေ့သီနေသည် ။

နှုတ်ခမ်းလွှာတို့ဟာ တစ်ခုခုကို ပြောချင်နေပေမဲ့ ပြောမထွက်နေသလိုမျိုး တုန်ယင်နေလျှက် ။

နှာတံစင်းစင်းထံမှ ယမကာနံ့ ရောယှက်နေတဲ့ လေငွေ့နွေးနွေးဟာ သူ့မျက်နှာထက်မှာ
လူးလားခေါက်ပြန်စွာ ။

အဲ့ဒီ့အမူအရာလေးကိုမြင်ပြီး ဘာကိုမှ
ရေရေရာရာ မသိရသေးပေမဲ့ သူလည်းပဲ
ရင်ထဲတင်းကြပ်လာသည် ။

မီးရောင်မှိန်မှိန်အောက် ၀င်းဖန့်ဖန့် ပါးပြင်ကို
လက်ဖြင့် ဖွဖွတို့ထိမိရင်း

" ဘာဖြစ်နေတာလဲ "

မဖြေ ။ သူ့လက်ဖဝါးထံသို့ ပါးလေးကို ပိုပြီး
တိုးကပ်နေသည် ။

" ဘာဖြစ်လို့ အရက်တွေ သောက်ထားရတာလဲ "

" ... "

" ဘာတွေ စိတ်ညစ်စရာရှိလို့လဲ .. ဟင် "

သူ့လက်ဖဝါးဟာ တလိမ့်လိမ့် ကြွေဆင်းလာတဲ့ မျက်ရည်တွေကြောင့် စိုစွတ်သွားသည် ။

" kim nam joon နဲ့ တွေ့လိုက်ရတော့ ..
ငါနဲ့ ရှိနေရတာကို မ‌ကြိုက်တော့လို့လား "

ထိုမေးခွန်းကို မေးနေစဉ်မှာ သူ့အသံဟာ
အက်ကွဲနေသည် ။ ရင်ထဲကလည်း အောင့်သည် ။

ဒီတစ်ရက်ဟာ စိတ်ချမ်းသာပါစေဆိုပြီး
kim nam joon ထံပို့ပေးခဲ့ပေမဲ့ သူကတော့ စိတ်ဆင်းရဲကာ ပူဆွေးနေရတာ အမှန် ။

သို့ပေမဲ့ သူ့နာကျည်းချက်ကြောင့် စိတ်လိုက်
မာန်ပါ ပြုခဲ့မိသည်မို့ seok jin ချစ်တဲ့လူနဲ့
ဝေးကွာခဲ့ရသဖြင့် နှလုံးသားကို ရင်းကာ
လက်လွှတ်ပေးဖို့ ‌ဆုံးဖြတ်ထားသည် ။

သူကိုယ်တိုင် seok jin ကို nam joon
လက်ထဲသို့ ပြန်ပြီး ထည့်ပေးရမယ်ဆိုလည်း
လိုက်လျောပေးမည်ဖြစ်သည် ။

ဆိုပေမဲ့ တကယ့်တကယ်တမ်း သူ့အနားမှာ
seok jin ထွက်သွားခဲ့ရင် ခံနိုင်ရည်မရှိမှာကိုတော့ တွေးမိတိုင်း ကြောက်ပါသည် ။

အခုလည်း မေးသာမေး‌ရပေမဲ့ ငါ့ကိုလွှတ်ပေးပါတော့
kook လို့ ပြောလာမှာကို ကြောက်နေပါသော်လည်း

 Diary Where stories live. Discover now