ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေတဲ့ seok jin နှင့်
ဘေးဘက်တွင် သူက ဗီရိုကို ကျောမှီထားပြီးခြေဆင်း
ထိုင်နေသည့်ပုံစံဖြင့် ရှိနေကြသည် ။seok jin က luggage ထဲသို့ အ၀တ်တွေ
ခေါက်ထည့်နေပြီး သူက seok jinကို ကြည့်
နေသည် ။seok jin ကို မလှုပ်မယှက် ငေးစိုက်ကြည့်နေခိုက် သူ့ရင်ဘတ်ထဲတွင် နွေးထွေးကာ လှိုက်မောနေတဲ့ ခံစားချက်တို့ဖြစ်ပေါ်၍နေသည် ။
" kook "
luggage ကို ပိတ်လိုက်ကာ seok jin က ငဲ့ကြည့်တော့ သူနဲ့ အကြည့်ချင်းစုံသွားသည်။
သိသိသာသာပါပဲ ။ နှလုံးသားဟာလည်း လှုပ်ရှား
ခါရမ်းသွားသည် ။" တခြားဘာလိုတာရှိမလဲ လိုက်ကြည့်ဦးမယ် .. ဒီမှာထိုင်နေဦး "
အနားမှ ထသွားကာ condo ထဲတွင် လှည့်ပတ်နေခဲ့ပြီးမှ
" အာ .. မေ့နေတာ "
ရေချိုးခန်းရှိရာသို့ ၀င်သွားခဲ့သည် ။
ပြန်ထွက်လာတော့ skin care setတွေ
တပွေ့တစ်ပိုက်နှင့် ။skin care တွေ ထည့်ပြီးသွားတော့
" နောက်ထပ်ရော ဘာကျန်ဦးမလဲ မသိဘူး "
" မကျန်တော့ဘူး "
" မင်းက ဘာသိလို့လဲ "
တစ်ချိန်လုံးထိုင်ကြည့်နေတာမို့ ဒီ luggage
နှစ်လုံးထဲတွင် ရှုဆေးဗူးမှအစ လက်နှိပ်မီးက
အဆုံး အကုန်ပါနေတာကိုသူသိသည် ။ ဘာလို့များ အဲ့ဒီ့လောက်ထိ သယ်နေတာသလဲတော့ မသိပါ ။" ကျစ် ! ငါသိလို့ပြောနေတာ .. ပြည့်စုံလွန်းလို့
ဈေးဆိုင်တောင် ပြန်ဖွင့်စားလို့ ရနေလောက်ပြီ "သူ့စကားမှာ seok jin က ဟဲကနဲ တစ်ချက်
ရယ်တော့ နှုတ်ခမ်းထောင့်စွန်းမှ ပေါ်လာတဲ့ အခွက်ရာလေးတွေက ထင်းကနဲ ။သွားတန်းညီညီလေးတို့အား အနီရောင်
နှုတ်ခမ်းလွှာတွေ တဖြည်းဖြည်းဖုံးအုပ်သွားတာကို နှမြောတသ ငေးလိုက်မိသည် ။ ပြီးမှ" ဒီနားကိုလာ .. မင်းကို မေးစရာတွေရှိလို့ "
ခေါင်းညိတ်ပြပြီး သူ့နံဘေးသို့ ၀င်ထိုင်လာသည်မို့
နှာဖျားသို့ ဝေ့သီလာတဲ့ ကိုယ်သင်းနံ့ ဖျော့ဖျော့ကို ရှုရှိုက်မိသည် ။