14

1.8K 269 27
                                    

စာကြည့်ခန်းထဲသို့ ၀င်သွားလိုက်စဉ် ဒယ်ဒီက ပြတင်းပေါက်ကို ကျောပေးနေရာမှ သူ့ကို လှည့်ကြည့်သည် ။

ပြီးတော့ ခပ်နွမ်းနွမ်း အပြုံးတစ်ခုဖြင့်

" လက်ထပ်ပွဲအတွက် ပြင်ဆင်ဝာာ
အဆင်ပြေရဲ့လား "

" ပြေပါတယ် ဒယ်ဒီ "

" အခုရော ဘယ်က ပြန်လာတာလဲ "

" ဝတ်စုံတွေ အစမ်း၀တ်ကြည့်လာတာ "

" အော် "

"... "

" ပျော်ရဲ့လား jung kook "

" ကျွန်တော် ရွေးချယ်ထားတဲ့သူနဲ့
ဘ၀တစ်ခု ထူထောင်တာပဲ .. မပျော်ပဲ
နေပါ့မလား "

ဒယ်ဒီက ခေါင်းညိတ်ပြပြီး

" မင်း ပျော်ရင် ရပြီ .. ဒါနဲ့ မင်းကို ဒယ်ဒီက CEO ရာထူး လွှဲပေးတော့မှာကို သိထားတယ်နော် "

" ဟုတ်ကဲ့ "

" jeju ကျွန်းက ပြန်လာပြီး နောက်ရက်
လွှဲပေးမယ် "

သူနဲ့ jo jo ဟာ လက်ထပ်ပြီး jeju ကို
မင်္ဂလာဦးခရီးစဉ်အဖြစ် သွားရန် ရွေးချယ်
ထားခဲ့တာပင် ။

" အစက လုပ်ငန်းနဲ့ အကျွမ်းတ၀င် ဖြစ်ပြီးမှ လွှဲပေးမှာဆို .. အခုကျ .. ဘာလို့ "

" အင်း .. ဒယ်ဒီ အေးဆေးနေချင်ပြီမို့ .. လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီး အတွင်းရေးမှုး
jung ho seok က မင်းကို ကူညီပေးလိမ့်မယ် "

" ဟုတ်ကဲ့ "

" ဒါဆို မင်းသွားတော့ jung kook .. မနက်ကျ လက်ထပ်ပွဲ ရှိသေးတယ်မဟုတ်လား "

" ဟုတ်ကဲ့ "

ဒယ်ဒီ့စာကြည့်ခန်းမှ ထွက်လာပြီး jo jo ကို
လိုက်ရှာမိသည် ။ သို့သော် မတွေ့ ။

ဧည့်ခန်းဘက်ကို သွားကြည့်လိုက်တော့ ရိုးရာ
၀တ်စုံတွေကြား အလုပ်ရှုပ်နေတဲ့ မာမီလေးကိုသာ တွေ့သည် ။

" jo jo ရော "

" သူ့အခန်းထဲမှာလေ "

" မရှိဘူးထင်တယ် .. တံခါးခေါက်
ကြည့်သေးတယ် .. ထွက်မလာဘူး "

" အထဲထိ ၀င်ကြည့်လေ .. အိပ်ပျော်နေပြီ
ထင်တယ် "

" မာမီလေး သွားကြည့်ပေးပါ .. ကျွန်တော်
အခန်းထဲထိ မ၀င်ချင်ဘူး "

 Diary Where stories live. Discover now