15

1.9K 302 30
                                    

" jinnie "

မြင်လွှာတွေကို ရှင်းလင်းအောင် ကြိုးပမ်းမိစဉ်မှာ
အန်တီလေးရဲ့ ခေါ်သံသဲ့သဲ့က သူ့နားစည်ကို ရိုက်ခတ်သည် ။

" သတိရပြီလား "

နောက်တစ်ခွန်း ကြားလိုက်ရတဲ့ စကားအဆုံးမှာ
သူ့ရဲ့ မြင်လွှာတွေဟာ ရှင်းလင်းလာခဲ့ပြီ ။

သူဟာ အခု သူ့အခန်း ။ သူ့အိပ်ယာထက်မှာ ။
ဒါနဲ့ သူ့မျက်နှာအစိတ်အပိုင်းတွေနဲ့ သူ့ခေါင်းက
ဘာလို့ ဒီလောက်တောင် နာကျင်နေရသလဲ ။

အတွေးတွေက ကွန့်မြူးလာတော့ သတိမမေ့ခင်က
ခြောက်ခြားစရာကိစ္စများကို ပြန်လည် အမှတ်ရခဲ့ပြီ ။

နာကျင်တာတွေကို မမှုတော့ဘဲ လဲလျောင်းနေရာမှ
ဝုန်းကနဲ ထထိုင်မိကာ

" အစ်ကိုရော "

သိလိုဇောဖြင့် မေးမိသည် ။ jung kook လက်မှ လွတ်အောင် အစ်ကို့ကို သူ ,ထွက်ပြေးခိုင်းခဲ့တာ ။ အခုဆို ဘယ်လို ဖြစ်နေပြီလဲ ။ အရမ်းသိချင်ပါ
သည် ။

သို့ပေမဲ့ အန်တီလေးက သူ့မေးတာကို မဖြေ ။ သူ့မျက်နှာကို ကြည့်နေရာမှ မျက်လွှာချသွားခဲ့
သည် ။

" ကျွန်တော့်အစ်ကိုရော "

" hannie ~ hannie က .. "

တိုးလျလျှက် တိမ်၀င်သွားတဲ့ အန်တီလေးအသံဟာ
စကားမဆုံးခင် ပျောက်ရှသွားသည် ။

မျက်လုံးထဲမှာ ရစ်သိုင်းလာတဲ့ မျက်ရည်တွေကိုပါ
မြင်လိုက်ရတော့ အစ်ကို့အတွက် ပူပန်မှုတွေဟာ
ဒီဂရီတိုးလာသည် ။

" ဘာဖြစ်သွားလို့လဲ .. အစ်ကို အဆင်ပြေရဲ့လား ..
အစ်ကို့ကို kook က ဘာလုပ်လိုက်ပြီလဲ ..
မဟုတ်မှ .. အဲ့ဒီ့ညက ကျွန်တော် ‌သတိမရှိတုန်း ..
kook က ပြန်ဖမ်းမိသွားခဲ့တာလား "

ဆက်တိုက်မေးတဲ့ မေးခွန်းတွေကြားမှာ
အန်တီလေးက ပိုတိုး၍ ငိုရှိုက်သည် ။

တကယ်ပဲ သူ, ထင်နေသလို ဖြစ်သွားခဲ့ပြီလား ။
အစ်ကို‌ရော ၊ kook ရော နှစ်ယောက်စလုံး ။
အား ! သူ ,ဆက်မတွေးရဲတော့ ။

" ပြောပါ အန်တီလေး ~ ကျွန်တော့်ကို
ပြောပါ "

မျက်နှာကို အုပ်ထားသည့် အန်တီလေးရဲ့
လက်တွေအား ဆွဲဖယ်ပစ်မိတော့မှ

 Diary Where stories live. Discover now