" ဟေး ! jin "
သူ့အသံကြောင့် seok jin ခန္ဓာက အနည်းငယ်
လူးလွန့်လာသည် ။" ထတော့ .. မင်းအိမ်ကို သွားရမှာ "
ဒီနှစ်ရဲ့ KBO league အတွက် baseball team
wear ကို သူတို့ဘက်က ထုတ်ပေးရမှာကြောင့်
အလုပ်တွေ ရှုပ်နေပြီး meeting တွေလည်း
ဆက်တိုက်ရှိသည် ။မအားလပ်တဲ့ကြားမှ seok jin ကိုလည်း လိုက်ပို့ပေးချင်တာကြောင့် ပုံမှန်ထပ် စောပြီး
ထလိုက်သည်။သို့သော် seok jin ကတော့ အိပ်လို့ ကောင်းနေဆဲ ။ seok jin မနိုးရင် သူပါ meeting နောက်ကျတော့မှာမို့ နှိုးလိုက်ရတော့သည် ။
" ထလို့ဆိုကွာ "
" အင်း "
seok jin က အိပ်ချင်မူးတူးနဲ့ အသံသဲ့သဲ့တော့ ထွက်လာပေမဲ့ မျက်လုံးတွေကတော့ မပွင့်သေး ။
" ဟေ့ကောင် "
ထပ်ခေါ်လိုက်တော့
" အင်း "
" မင်းပစ္စည်းတွေ သွားသိမ်းဖို့ ငါက လိုက်ပို့ပေးရမှာနော် .. ထဆို "
" ပါးစပ်ပိတ်စမ်းဟာ "
seok jin က ဗလုံးဗထွေး ပြောလာယုံသာမက
" ဘတ်! "
လက်ဖဝါးတစ်ဖက်ကလည်း သူ့ပါးစပ်ကို ဘတ်ကနဲပိတ်ရိုက်သည် ။
" မင်း! "
ဖျင်းကနဲ ပူသွားတဲ့ ပါးစပ်ကြောင့် ရန်တွေ့ဖို့ဟန်ပြင်
လိုက်ပေမဲ့ seok jin က သူ့ကို လက်တွေရော ၊ ခြေထောက်တွေနဲ့ပါ ခွဖက်လာပြီးသူ့ကိုယ်ပေါ်ကို ကုတ်တက်လာသည် ။seok jinပုံစံက အသံထွက်နေတဲ့ အရာ၀တ္တုကြီးကို
အသံလုံအောင် ဖုံးဖိနေသလိုမျိုး ။လုပ်ချင်ရာတွေ လုပ်နေတဲ့ seok jin ကတော့
မသိ ။ သူကတော့ ကိုယ်လုံးနွေးနွေးလေးကြောင့်
ရင်ထဲက ဒိန်းကနဲ တစ်ချက်ဆောင့်ခုန်သွားသည် ။အကြည့်တွေက သူ့ရင်ဘတ်ပေါ်မှာ အိပ်ပျော်နေတဲ့ မျက်နှာလေးဆီရောက်သွားပြန်တော့ ခေါင်းထဲကပါ တရိပ်ရိပ်ဖြစ်လာသည် ။
အဆီဥနေတဲ့ မျက်နှာလေးဟာ ခပ်ဖူးဖူးလေးမို့
ပုံမှန်ထပ် ပိုပြီး လှနေတာတော့အမှန် ။