36

2.3K 298 22
                                    

phone ဆီမှ အဆက်မပြတ် တုန်ခါနေသော
vibration သံ ။

လ‌သာဆောင်၌ တစ်ဦးကို တစ်ဦး တင်းကြပ်စွာ ဖက်တွယ်ထားရင်း ငြိမ်သက်စွာ အိပ်ပျော်နေတဲ့
သူတို့နှစ်ဦးဟာ ထိုအသံကြောင့် နိုးလာခဲ့ကြသည် ။

သူတို့နှစ်ဦးဟာ ဒီနေရာမှာ အနမ်းတွေနဲ့
တိုက်ပွဲ၀င်ခဲ့ပြီး အိပ်ပျော်သွားကြတာဖြစ်သည် ။

သူ့လက်မောင်းတစ်ဖက်ပေါ်မှာ ခေါင်းခုထားရင်း သူ့ကို ဖက်ထားတဲ့ seok jin က ခေါင်းလေး
ကြွလာပြီး အိပ်ချင်မူးတူးဖြင့် အသံဖြင့်

" ဒီအချိန်ကြီးမှ ဘယ်သူဆက်တာလဲ "

" ငါကြည့်လိုက်ဦးမယ် "

phone ကို ယူကာ ကြည့်လိုက်မိသည်နှင့်
ဒယ်ဒီ့ကို စောင့်ပေးတဲ့ Nurse က ဆက်လာခြင်းကြောင့် သူ့ရင်ထဲတွင် ဒိန်းကနဲ ။

seok jin ကို လှမ်းကြည့်လိုက်တော့လည်း
မျက်လုံးလေးတွေပြူးကာ သူ့လက်ထဲမှ phone ကို
ကြည့်နေသည် ။

" မင်းဒယ်ဒီ တစ်ခုခုဖြစ်လို့ထင်တယ် kook ..
မြန်မြန်ကိုင်လိုက် "

ခေါင်းညိတ်ပြပြီး phone ကိုင်လိုက်သည်နှင့်

" jeon jung kook လား "

" ဟုတ်ပါတယ်ဗျ "

" ဆေးရုံကို အခုလာခဲ့ပေးပါ "

ညနက်နေတဲ့ အချိန်ကြီးမှာ ဒီလို လှမ်းခေါ်တာက
ပုံမှန် ကိစ္စတော့ မဟုတ်နိုင်ပါ ။ ချက်ချင်း ပူထူလာတဲ့
စိတ်တွေနဲ့အတူ သူနဲ့ seok jin ဟာ ဒယ်ဒီရှိတဲ့ ဆေးရုံဆီသို့ အလျှင်အမြန် ပြေးရတော့သည် ။

..
..
..

" Mr jeon က ခုခံအားကျဆင်းမှု ရောဂါကို
ခံစားနေခဲ့ရတာပါ "

" ခင်ဗျာ ! "

Dr စကားအဆုံးမှာတော့ သူ့မျက်လုံးတွေဟာ
မှောင်မိုက်လာသလို ။

" ဆေးစစ်တဲ့ရလဒ်ထဲမှာ ပါတယ်လေ ..
သားဖြစ်သူက မသိဘူးလား "

ခေါင်းရမ်းပြမိသည် ။

သူတကယ် မသိခဲ့ဘူး ။ အဲ့ဒီ့တုန်းက ဒယ်ဒီ သူ့ကို ပြောခဲ့တာ အကုန်အဆင်ပြေတယ်ဆိုပြီးလေ ။

ဒယ်ဒီ့စကားကို ယုံပြီး ဆေးစစ်ပြီး ရလဒ်ကို သေချာ မကြည့်ဖြစ်ခဲ့မိတာ ။

 Diary Where stories live. Discover now