20

2.1K 299 29
                                    

jung kook ထွက်သွားခဲ့ပြီဆိုပေမဲ့ သူ့မှာ ရင်တုန်တာက အခုထိ မပျောက်သေး ။

ချစ်ခဲ့လားဆိုတဲ့  jung kook ရဲ့မေးခွန်းမှာ
သူ , အများကြီး shock ရသွားပြီး ၊ မွန်းကြပ်
သွားခဲ့သည် ။

တစ်ဖက်သတ် ဖြစ်ခဲ့ရတဲ့ သူ့အဖြစ်ကိုလည်း
သိမ်ငယ်မိပြန်သည် ။

ဒီနေရာက ပြန်ရမယ်ဆိုတဲ့ အတွေးမရှိသေးဘဲ
သူ့ခံစားချက်ကို jung kook အတိအကျ
သိသွားတာလားဆိုတဲ့ အတွေးနဲ့တင် လူက
ချာလည် ရိုက်နေတော့သည် ။

" seok jin ရေ "

အဲ့ဒီ့အချိန်မှာပဲ သူ့ဘေးနားသို့ nam joon ရဲ့
ကားက ထိုးရပ်လာပါသည် ။

" seok jin "

သူ့ဆီသို့ ခပ်သွက်သွက်လှမ်းလာတဲ့ nam joonဟာ
သူ့နာမည်ကိုလည်း ‌အကြိမ်ကြိမ် ခေါ်နေခဲ့သည် ။

" jeon jung kook မို့လား .. မင်းကို
မ , သွားတဲ့ကောင်က "

အနားကို ရောက်တာနဲ့ သူ့ကို ကြည့်ရင်း
မေးလာပုံကြောင့် ဆိုင်က ဝန်ထမ်းတွေ‌ဆီမှ
ပြောစကားကို ကြားခဲ့ပြီးဟန် တူသည် ။

" အေး "

" သိနေတယ် .. ဒါကြောင့် အပြေးလိုက်လာခဲ့တာ ..
phone ကလည်း ဆိုင်မှာ ကျန်ခဲ့တော့ မင်းကို
အနိုင်ကျင့်နေမှာကို စိုးရိမ်လို့   "

" ဘာမှမလုပ်ပါဘူး "

" ဘာမှမလုပ်ပဲ ဘာလို့ မ, သွားတာလဲ "

" ငါ့ကို မေးနေတာ .. သူ့ကို ချစ်ခဲ့လားတဲ့ "

" ဟေ ! .. သိသွားတာလား "

" ထင်တာပဲ "

" ဘယ်လို ဖြေလိုက်လဲ "

" ချစ်ခဲ့စရာလားလို့ "

" ယုံသွားလား "

" မသိဘူး .. ငါ့ကို ထားပြီး ထွက်သွားတော့တာပဲ "

" ဘယ်လိုကောင်လဲ .. မ , တုန်းက မ,ပြီး
နေရာတကျ ပြန်မထားချင်တာက .. ငါသာ လာမခေါ်ရင် မင်းဘယ်လို ပြန်လာမလဲ ..
ဒီမြို့ပတ်လမ်းမှာ အရှားပါးဆုံးက Taxi ဆိုတာ အဲ့ဒီ့ကောင် မသိဘူးလား "

ပွစိ ပွစိ nam joon အပြောကြောင့် သူ ,
ခပ်ယဲ့ယဲ့ ပြုံးလိုက်သည် ။ jung kook က
သူနဲ့ ပတ်သက်ရင် ဘာမှမသိခဲ့တာ အခုမှ
မဟုတ်ခဲ့တာဘဲ ။

 Diary Where stories live. Discover now