နံရံမှာ ကပ်ထားတဲ့ စက္ကူဂျပ်ပုံးကြီးကို
မ , လိုက်သည်နှင့်" jin "
sofa တွေကို နေရာချနေတဲ့ jung kook က တလွှားလွှား ပြေးလာခဲ့ကာ လက်ထဲမှ ပုံးကို ပြန်ပြီး ဆွဲယူသည် ။
" ဒါက လေးတယ်လေ .. အစအနတွေကလည်း ထိုးထွက်နေတာ မြင်လား .. မင်းကို
ခိုက်မိကုန်လိမ့်မယ် .. ငါပဲ ပစ်ပေးမယ် "မနေ့ညက သူ,သောင်းကျန်းထားလို့ ပွစာကျဲနေတဲ့
ဧည့်ခန်းကို အခုညမှ ရှင်းလင်းနေတာဖြစ်သည် ။အိမ်ပြန်ရောက်လို့ စ,ရှင်းကြပါပြီဆိုထဲက
jung kook က သူ့ကို ဘာတစ်ခုမှ အကိုင်မခံ ၊ ဘာတစ်ခုမှ အရှင်းမခံ ။
အခုလည်း အပေါက်၀မှာ ယောင်လည်လည်
လုပ်နေတဲ့ သူ့ကို ပခုံးမှ ဖက်ပြီး အထဲသို့ ပြန်ခေါ်လာကာ TV ရှေ့မှာ ထိုင်ခိုင်းတော့သည် ။" မင်းကြိုက်တဲ့ running man လာနေပြီ "
ဒီအတိုင်းဆို ဘာလုပ်လုပ် လိုက်ပြီး တားမြစ်
နေတော့မှာမို့ သူ ခေါင်းညိတ်ပြကာ TV ကိုသာ ကြည့်နေလိုက်သည် ။jung kook ကတော့ တစ်ယောက်ထဲ ဆက်ပြီး
ရှင်းလင်းနေဆဲ ။" jin "
running man ထဲသို့ ဈာန်၀င်နေစဉ်
jung kook က သူ့နံဘေးသို့ လာထိုင်ပြီး သူ့ကို
ခေါ်သည် ။ သူက TV ဆီမှ အကြည့်မခွာဘဲ" အင်း "
" ဒီဘက်ကို လှည့်ပါဦးကွာ "
ပြောပြောဆိုဆိုနဲ့ သူ့ကိုမေးဖျားမှ ဆွဲ၍ လှည့်သည် ။
မျက်နှာချင်းဆိုင်သွားသည့်ခဏမှာ သူ့ကို
ပြုံးလျှက် ငေးကြည့်နေခဲ့တဲ့ jung kook ။" ဘာပြောမလို့လဲ "
ခေါင်းရမ်းပြပြီး သူ့နဖူးကို နမ်းသည် ။
နားသယ်စပ်တွေမှာ ခိုသီးနေတဲ့ ချွေးစတွေကို
သူက လက်ဖြင့် အသာသုတ်ပေးမိရင်း