" kook .. မင်းဘာတွေလုပ် "
အသံလေးနဲ့အတူ seok jin က လသာဆောင်၌
ခင်းထားတဲ့ ကောဇာပေါ် ထိုင်နေတဲ့ သူ့ရင်ခွင်ထဲ
တိုးဝှေ့၀င်လာသည် ။" ငါ massage စောင့်နေတာ "
သူက seok jin ကို ပြန်လည်ထွေးပိုက်လိုက်ရင်း
မှန်စားပွဲပုလေးပေါ်မှ phone ကို မော့ငေါ့ပြကာ
ပြောလိုက်သည် ။" ဘယ်သူ့ဆီက massage လဲ "
" ho seok ဆီက .. လက်ခံထားတဲ့
project အတွက် designer နဲ့
join ပေးမယ်ဆိုလို့ "" မင်းတို့ ရုံးက လူတွေကို မသုံးဘူးပေါ့ "
" သူတို့က ဒီလို project ကြီးတွေကျ
သိပ်မနိုင်နင်းဘူးလေ .. ဟူး .. ho seok
အလုပ်ကမ်းလှမ်းနေတာ အဆင်ပြေရဲ့လား
မသိပါဘူး "" ဒီကိစ္စတွေကြောင့် မင်းမျက်နှာက
သိပ်မလန်းတာပေါ့လေ "ခေါင်းညိတ်ပြလိုက်သည် ။ တကယ်က သူ့မှာ
မာမီလေးကြောင့် ၀မ်းနည်းစိတ်တွေပါ ဖြစ်တည်
နေရတာပင် ။" စိတ်ပင်ပန်းနေတယ်ပေါ့ "
" အင်းပေါ့ "
" နည်းနည်းမှ မပင်ပန်းပါနဲ့ကွာ .. တကယ်လို့
အဲ့ဒီ့ project ကြီး အဆင်မပြေရင်တောင်ပေါ့ "" အဆင်မပြေရင် ငါ့ကို ရှယ်ယာရှင်တွေက
ဝိုင်းရိုက်ကြလိမ့်မယ် "" မရိုက်မခံရပါဘူး "
" အရိုက်မခံရင် ရာထူးဖြုတ်ချခံရမှာပေါ့ "
" စိတ်မပူနဲ့ .. မင်းမှာ ငါရှိတယ်လေ "
အားကိုးလိုက်ဆိုတဲ့ ပုံစံနဲ့ မျက်နှာလေးမော့ကာ
ပြောနေတာကြောင့်" ပြောပါဦး "
" မင်းမှာရှိတဲ့ငါက နာမည်ကြီးတဲ့ cafe ဆိုင်လေး
ရှိတယ် .. condo တစ်ခုလည်း ပိုင်တယ် "" ဟုတ်ပြီ "
" ငါ့ cafe ဆိုင်က ၀င်ငွေတွေနဲ့ ငါ့ condo အငှားတင်တဲ့အခါ ရလာမဲ့ စပေါ်ငွေတွေ အားလုံးက
မင်းအတွက်ချည်း .. အေးဆေး ထိုင်စားလို့ရတယ် "" အဟား ! ဟုတ်ပါပြီကွာ "
ရင်ခွင်ထဲမှ sugar daddy လေးကို မတရားသဖြင့်
အသဲယားလာရပြီမို့ သူက အတင်းတိုးဖက်ပစ်ရင်း
ဇွတ်တရွတ်တွေ နမ်းပစ်မိတော့သည် ။