♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
အခန်းတံခါးကိုလော့ခ်ချပြီးမွေ့ရာပေါ်၌စွေ့ခနဲထိုင်ချလိုက်၏။
အပြင်ဘက်မှစကားပြောသံများကြားသော်လည်းဘာမှပြန်မပြောဘဲအသံတိတ်နေနေလိုက်သည်။
လက်ထဲရှိဖုန်းမှာအဆက်မပြတ်မြည်နေသော်လည်းမကိုင်ဘဲဖုန်းကိုဘေးချကာနှုတ်ခမ်းလေးစူပြီးတစ်ယောက်တည်းစိတ်ကောက်နေလိုက်သည်။
"ကလေးလေးအောက်ကိုဆင်းလာပါကွယ် . . . သူငယ်ချင်းတွေအကုန်ရောက်နေပြီ" မေ့မေ့၏စကားကိုနှင်းဖူးကြားသော်လည်းဘာမှပြန်မပြောဘဲနှုတ်ဆိတ်လျက်သာ။
အားလုံးရောက်နေပင်မဲ့ကိုကိုမှရောက်မလာတာ။
နှင်းဖူးမွေးနေ့တိုင်းဘယ်လောက်အလုပ်များများအမြဲရောက်အောင်လာခဲ့သောကိုကိုသည်ဒီတစ်ခေါက်မွေးနေ့ကိုရောက်မလာခဲ့သဖြင့်နှင်းဖူးစိတ်ဆိုးသည်။
ဘေးရှိဖုန်းကိုကြည့်လိုက်တော့missed call(၁၅)ခု။
အားလုံးမှာ 'ကိုကို'ဟူသောခေါ်ဆိုသူထံမှ။ကြည့်နေရင်းပင်နောက်တစ်ခေါက်ဖုန်းထပ်ဝင်လာခဲ့သည်ကြောင့်နှင်းဖူးကိုင်လိုက်သည်။
"ဖူးဖူး"
ကို့ကို့အသံကိုကြားပင်မဲ့နှင်းဖူးဘာမှပြန်မဖြေ။
"ကိုကိုပြောတာကြားလား"
" ..."
"မနက်ဖြန်ရောက်အောင်လာခဲ့မယ်. . . ဒီနေ့ကအားလုံးလာဖို့ပြင်ဆင်ပြီးကာမှအရေးကြီးအလုပ်ကိစ္စတစ်ခုပေါ်လာလို့ . . . စိတ်မဆိုးနဲ့တော့နော် . . . ဖူးအတွက်disney princess costumesတွေအများကြီးဝယ်ထားတယ် . . . မနက်ဖြန်ကိုကိုလာရင်မွေးနေ့နောက်တစ်ခုထက်လုပ်ပေးမယ် . . . လိမ်မာတယ်"
"..."
"ဖူးလေး"
"..."
တစ်ဖက်မှသက်ပြင်းအရှည်ကြီးချသံကိုနှင်းဖူးကြားလိုက်သည်။
"စိတ်ဆိုးပြေအောင်ကိုကိုဘာလုပ်ပေးရမလဲပြော"
"ဒီနေ့မလာရင်ဘယ်လိုဖြစ်ဖြစ်စိတ်ဆိုးမှာ"အနည်းငယ်တွေးပြီးပြန်ဖြေလိုက်၏။

YOU ARE READING
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...