17

12.3K 199 2
                                        

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


သစ်ပင်လေးတွေကိုတန်ဖိုးထားတတ်သူနှင်းဖူးအတွက်အပင်စိုက်ပျိုးရခြင်းကိုကြိုက်နှစ်သက်သည်မှာသိပ်တော့ဆန်းမည်မထင်။

ဖန်လုံအိမ်လေးသို့သွားရာလမ်း။စကျင်ကျောက်လေးများနှင့်သဘာဝကျောက်စရစ်လုံးလေးများကိုရောနှောကာခင်းကျင်းထားသောလူသွားလမ်းလေး။

မှန်လုံအိမ်လေး၏အပြင်ဘက်တွင်ဝါးပင်စိမ်းစိမ်းလေးများကိုညီညီညာညာစိုက်ပျိုးထားသည်။

၁၀ပေ x ၁၂ပေအကျယ်။ဆေးဖြူဖြူသုတ်ထားသောမှန်လုံအိမ်လေးမှာအလွန်ပင်ချစ်စရာကောင်း၏။

"အဲ့လိုလုပ်ရတာမဟုတ်ဘူး"

ခရမ်းချဉ်သီးစေ့လေးများကိုသစ်သားဘောင်အတွင်းရှိမြေပေါ်တွင်ကြဲရုံပဲကြဲကာစိုက်ပျိုးနေသောကိုကို။

"မြေထဲကိုလက်လေးနဲ့နေရာလုပ်ပြီး . . . အစေ့လေးကိုဒီလိုထည့် . . . ပြီးမှအပေါ်ကမြေနဲ့ပြန်ဖုံးရတယ်" စနစ်တကျဖြစ်စေရန်ကို့ကို့လက်ကိုကိုင်ပြီးလမ်းညွှန်ပြသပေးလိုက်သည်။

"အသားယူပြန်ပြီ" ခပ်တည်တည်ဖြင့်ပြောနေသောကိုကို။

"မကြိုက်ဘူးလား"

ကိုကိုတစ်ယောက်ဘာမှပြန်မဖြေဘဲနှင်းဖူး၏မေးစေ့လေးကိုလာကိုက်လေ၏။

"ဖြေလို့ . . . ကြိုက်လားမကြိုက်ဘူးလား"

"ကြိုက်တယ်"

ကို့ကို့အပြောကြောင့်နှင်းဖူးပြုံးလိုက်သည်။

ဒီနေ့မှာကို့ကို့၏မွေးနေ့။

သို့သော်ဆယ်ကျော်သက်အရွယ်ကတည်းကမွေးနေ့ပွဲကျင်းပခြင်းကိုရပ်တန့်လိုက်သောကိုကိုသည်သူ၏မွေးနေ့တိုင်းကိုအလုပ်လုပ်ရင်းနှင့်သာဖြတ်သန်းလေ့ရှိသည်။

ဆိုသော်လည်း။ဤအကျင့်မှာနှင်းဖူးနှင့်ချစ်သူဖြစ်ကတည်းကပြောင်းလဲခဲ့ရလေသည်။

လွန်ခဲ့သော(၂)နှစ်ကျော်ချစ်သူဖြစ်ကတည်းကကို့ကို့မွေးနေ့တိုင်းနှင်းဖူးတစ်ယောက်တည်းကိုသာအချိန်ပေးရ၏။

.
.
.
.

မွေးနေ့ည။သဲသဲမဲမဲရွာသွန်းနေသောမိုး။

《 ALYA 》Onde histórias criam vida. Descubra agora